သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-25
စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ စီးပွားရေးကျဆင်းမှုကြောင့် ရန်ကုန်မြို့က အခြေခံလူတန်းစားတွေဟာ အစားအသောက်တွေ အခမဲ့ဝေငှပေးတဲ့ ဒါမှမဟုတ် ဈေးလျော့ရောင်းပေးတဲ့ နေရာတွေကိုလာပြီး တိုးဝှေ့တန်းစီနေကြတာကို မကြာခဏ တွေ့လာရပါတယ်။
2023-09-22
ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် ဒလ-တွံ့တေးလမ်းပေါ်မှာ ဆန်တစ်ပြည်ကို ၂၅၀၀ ကျပ်နှုန်းနဲ့ ရောင်းပေးနေလို့ ပြင်ပပေါက်စျေးထက် ချိုသာတဲ့အတွက် မြို့ခံတွေ တန်းစီဝယ်ယူနေကြတာကို စက်တင်ဘာလ ၂၂ ရက် ဒီနေ့မှာ မြင်တွေ့ရတာ ဖြစ်ပါတယ်။
2023-09-22
စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတချို့ ပစ်ခတ်သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေနောက်ပိုင်း ရန်ကုန်တိုင်း ဒလမြို့နယ်အတွင်းမှာ ဆိုင်ကယ်၊ လျှပ်စစ်ဘက်ထရီစက်ဘီးနဲ့ ဘေးတွဲဆိုင်ကယ်တွေကို စီနင်းခွင့်မပြုတော့လို့ စက်ဘီးကိုပြန်လည်အားကိုးပြီ စီးနင်းလာရတယ်လို့ ဒလမြို့ခံတွေက ပြောပါတယ်။
2023-09-21
လှိုင်မြို့နယ်၊ အမှတ်(၁၂) ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ အောင်သိဒ္ဓိ မဟာမြိုင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ကျောင်းသား အယောက် ၇၀ ကျော်ကို ပညာသင်ကြားပေးနေပါတယ်။
2023-09-20
ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများလို့ အချို့နေရာတွေမှာ ရေကြီးနေကြီးနေပြီး ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ရုံးသွားသူတွေ အခက်အခဲဖြစ်နေပါတယ်။
2023-09-15
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်မှာ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း ဟိန္ဒူဘာသာဝင် ရာနဲ့ချီ သတ်ဖြတ်ခံခဲ့ရပြီး ခမောင်းဆိပ်၊ ကြိမ်ချောင်း၊ ရဲဘော်ကျ၊ သုံးတုံးနားခွဆုံ၊ လေးမိုင်လက်သာရွာ စတဲ့ကျေးရွာတွေက အိမ်ထောင်စု နှစ်ရာကျော်ဟာ မောင်တောမြို့မှာ ဒီနေ့အထိ အခက်အခဲတွေနဲ့ ခိုလှုံနေကြရဆဲဖြစ်ပါတယ်။
2023-09-15
စစ်တွေမြို့နယ်က ဗေဒါရွာဟာ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရွာလုံးကျွတ်ပျက်စီးခဲ့ရပြီး လက်ရှိအချိန်ထိ ပြန်လည်မထူထောင်နိုင်ကြသေးဘူးလို့ ပြောပါတယ်။
2023-09-14
ရန်ကုန်မြို့က လမ်းဘေး စာအုပ်စင်ကြီးပေါ်မှာ အစီအရီခင်းကျင်းထားတဲ့ စာအုပ်မျိုးစုံကို လွတ်လွတ်လပ်လပ် ငှားရမ်း ဖတ်ရှုခွင့်ပေးနေတဲ့ နေရာတစ်ခုရှိပါတယ်
2023-09-08
ရန်ကုန်မြို့ရဲ့ လမ်းဆုံလမ်းခွတွေမှာ အရင်က သတင်းစာဂျာနယ် လက်ပွေ့ရောင်းသူတွေနဲ့ ဈေးဗန်းနဲ့ ရောင်းချကြတဲ့သူတွေ အများအပြားရှိခဲ့ပါတယ်။