နှစ်ကူးကာလ ဆံနွယ်လှူကြသူများ

RFA Burmese
2024.01.01
နှစ်ကူးကာလ ဆံနွယ်လှူကြသူများ ရွှေဆံပင်တံတားလမ်း ပရဟိတလုပ်ငန်းအတွက် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ဆံပင်လာရောက်လှူဒါန်းသည့် အမျိုးသမီးငယ်တစ်ဦး။
Photo: RFA

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားအနီးက ဘုရားကြီးလမ်း၊ ရေကူးမြို့မကျောင်းတိုက်မှာ ရှိတဲ့ ရွှေဆံပင်တံတားလမ်း ပရဟိတလုပ်ငန်းအတွက် နှစ်သစ်မှာ ဆံပင်လာရောက်လှူဒါန်းနေကြတာကို ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက် - ဒီနေ့ညနေက တွေ့ရတာပါ။

Photo: RFA
Photo: RFA

Photo: RFA
Photo: RFA

၂ဝ၂၃ ခုနှစ်ရဲ့နောက်ဆုံးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၃၁ ရက်နဲ့ ၂ဝ၂၄ ခုနှစ်ရဲ့ ပထမဆုံးနေ့ ဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်နေ့ နှစ်ရက်တာအတွင်း နှစ်သစ်ကူး ဆံပင်လှူဒါန်းကြသူ ၁ဝဝ ကျော် ရှိတယ်လို့ ရွှေဆံပင်တံတားလမ်း အကျိုးဆောင်အဖွဲ့ထံက သိရပါတယ်။

Photo: RFA
Photo: RFA

Photo: RFA
Photo: RFA

အနယ်နယ်အရပ်ရပ်က လှူဒါန်းကြတဲ့ ဆံပင်တွေကို ရောင်းချလို့ ရရှိလာတဲ့ ငွေတွေကို လမ်းတံတားတည်ဆောက်တာနဲ့ ကလေးတွေရဲ့ ပညာရေးလုပ်ငန်းတွေအတွက် ဆောင်ရွက်တဲ့ ပရဟိတလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုတာဖြစ်ပါတယ်။

Photo: RFA
Photo: RFA

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။