ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာနေထိုင်တဲ့ နေရာ ၃နေရာက ဆင်းရဲနွမ်းပါးသူတွေကို ကိုကြီးနှင့်ညီအစ်ကိုမောင်နှမများပရဟိတအဖွဲ့ (Team KG) က မေလ ၂၇ ရက်နေ့မှာ နံနက်စာအာဟာရတွေ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ်က အလှူဟာ Team KG ရဲ့ ၂၇၀၅ ကြိမ်မြောက် အလှူလည်းဖြစ်ပါတယ်။
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာကိုကြီးနှင့်ညီအစ်ကိုမောင်နှမများပရဟိတအဖွဲ့ နံနက်စာအဟာရ ၂၀၂၃ ခုနှစ် မေ ၂၇ ရက်နေ့က လှူဒါန်းနေစဉ်။ (Photo : RFA)

ဒီအဖွဲ့ဟာ ဆေးရုံတက်နေရသူတွေထဲက ခက်ခဲသူတွေကို ကိုဗစ်ကာလတိုင်ခင်က သွားရောက်လှူဒါန်းခဲ့ပြီး ကိုဗစ်ကာလဆေးရုံတွေမှာ လှူဒါန်းလို့မရတော့တဲ့နောက်ပိုင်း နွမ်းပါးသူတွေနေထိုင်ရာဒေသတွေကို သွားရောက်လှူဒါန်းခဲ့တာ သုံးနှစ်ရှိပါပြီ။
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာကိုကြီးနှင့်ညီအစ်ကိုမောင်နှမများပရဟိတအဖွဲ့ နံနက်စာအဟာရ ၂၀၂၃ ခုနှစ် မေ ၂၇ ရက်နေ့က လှူဒါန်းနေစဉ်။ (Photo : RFA)
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာကိုကြီးနှင့်ညီအစ်ကိုမောင်နှမများပရဟိတအဖွဲ့ နံနက်စာအဟာရ ၂၀၂၃ ခုနှစ် မေ ၂၇ ရက်နေ့က လှူဒါန်းနေစဉ်။ (Photo : RFA)
Team KG ရဲ့ဦးဆောင်သူ ကိုမြင့်ဇော်(ကိုကြီး)က "ကျွန်တော်တို့တစ်ရက်အလှူမသွားဖြစ်ဘူးဆိုရင် အဲမနက်အစောကြီးနိုးနေပြီးတော့ ထိုင်ရမလို ထရမလိုပေါ့နော်၊ ကျွန်တော်တို့ ဘဝတစ်ခုလုံးကိုရင်းပြီး ဒီထဲမှာကျွန်တော်ပုံအောထားတာပေါ့နော်၊ ဒါကျွန်တော်တို့ဘ၀ပဲ၊ အသက်ရှင်နေတဲ့ကာလတလျောက်လုံး လုပ်နိုင်သမျှ ကျွန်တော်တို့လုပ်သွားမယ်လို့ " ပြောပါတယ်။
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာကိုကြီးနှင့်ညီအစ်ကိုမောင်နှမများပရဟိတအဖွဲ့ နံနက်စာအဟာရ ၂၀၂၃ ခုနှစ် မေ ၂၇ ရက်နေ့က လှူဒါန်းနေစဉ်။ (Photo : RFA)
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာကိုကြီးနှင့်ညီအစ်ကိုမောင်နှမများပရဟိတအဖွဲ့ နံနက်စာအဟာရ ၂၀၂၃ ခုနှစ် မေ ၂၇ ရက်နေ့က လှူဒါန်းနေစဉ်။ (Photo : RFA)
အမှန်တကယ်လိုအပ်ပြီး နွမ်းပါးသူတွေအတွက် ထီး၊ အဝတ်အထည်၊ ဖိနပ်၊ ဟင်းသီး၊ ဟင်းရွက်၊ သား၊ ငါးတွေအပါအဝင် စားစရာတွေနဲ့ သောက်သုံးရေရှားပါးရာနေရာတွေကိုလည်း ရေကားနဲ့ သွားရောက်လှူဒါန်းခဲ့တယ်လို့လည်း ဆိုပါတယ်။