သစ်သားပန်းပုလုပ်ငန်း

2022.05.24
သစ်သားပန်းပုလုပ်ငန်း
Photo - RFA

မြန်မာ့လက်မှုပညာ ပန်းဆယ်မျိုးထဲမှာ ပန်းပုလုပ်ငန်းဟာ သစ်သား၊ တိရစ္ဆာန်အရိုး၊အစွယ်၊ ရွှံ့စေး၊ ဖယောင်း စတာတွေနဲ့ ရုပ်လုံးရုပ်ကြွပေါ်အောင် ထွင်းထုရတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။

Photo - RFA
Photo - RFA

ပန်းပုပညာဟာ လွန်ခဲ့တဲ့ ပျူခေတ်ကာလကနေ စတင်ထွန်းကားခဲ့ပြီး ဒီနေ့ထိတိုင် မတိမ်ကောဘဲ သက်တမ်း ကြာရှည်စွာရပ်တည်နေပါတယ်။

Photo - RFA
Photo - RFA

ဒီနေ့ခေတ်မှာတော့ ပန်းပုတွေကို ဘုရား၊ ပုထိုး၊ ကျောင်းကန်တွေမှာသာမက နေအိမ်အလှဆင်တဲ့ နေရာတွေမှာပါ အသုံးပြုလာကြတာ ဖြစ်ပါတယ်။

Photo - RFA
Photo - RFA

မြန်မာ့လက်မှု ပန်းပုတွေကို နိုင်ငံတကာစျေးကွက် ထိုးဖောက်နိုင်ရေးအတွက်လည်း ပန်းပုပညာရှင်တွေက ကြိုးပမ်းနေကြပါတယ်။

Photo - RFA
Photo - RFA

လက်ရှိမှာတော့ ပြည်တွင်းကဝယ်ယူသူတွေနဲ့၊ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေကို အဓိက မှီခိုအားထား ရောင်းနေရတာပါ။

Photo - RFA
Photo - RFA

ပန်းပုလက်ရာ အရွယ်အစားပေါ်မူတည်ပြီး စျေးနှုန်းကလည်း ကွဲပြားတယ်လို့ ပန်းပုထုသူတစ်ဦးက ပြောပါတယ်။

Photo - RFA
Photo - RFA

အများအားဖြင့် ဘုရားရုပ်ပုံတော် ပန်းပုတွေနဲ့၊ တရိစ္ဆာန်ရုပ်ပုံ ထွင်းထုထားတာတွေကို လူကြိုက်များပါတယ်။

Photo - RFA
Photo - RFA

ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ်ကလည်း ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပု ပြပွဲပြိုင်ပွဲကို ပဲခူးမြို့မှာ လက်ခံကျင်းပခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။