ဂျေယန်စစ်ဘေးဒုက္ခသည်စခန်း မီးလောင်၊ နေအိမ် ၃၅ လုံးပျက်စီး

ဂျေယန်စစ်ဘေးဒုက္ခသည်စခန်း ရပ်ကွက် (၆) မှာ မတ်လ ၁၉ ရက်နေ့ ညနေပိုင်းက လျှပ်စစ်ဝါယာရှော့ကြောင့် နေအိမ် ၃၅ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး မီးလောင်ပျက်စီးခဲ့သည့် ဂျေယန်စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့အနီးက ဂျေယန်စစ်ဘေးဒုက္ခသည် စခန်း ရပ်ကွက် (၆) မှာ မတ်လ ၁၉ ရက်နေ့ ညနေပိုင်းက လျှပ်စစ်ဝါယာရှော့ကြောင့် နေအိမ် ၃၅ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး မီးလောင်ပျက်စီးခဲ့သည့် ဂျေယန်စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လက်ရှိ မီးဘေးသင့်စစ်ဘေးဒုက္ခသည် ၁၇၇ ဦးကို ဂျေယန်စစ်ဘေးဒုက္ခသည်စခန်းမှာရှိတဲ့ စာသင်ကျောင်းမှာပဲ ယာယီနေရာချထားပေးထားတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး မီးလောင်ပျက်စီးခဲ့သည့် ဂျေယန်စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဝိုင်းမော်မြို့နယ်၊ ဘန်ဒေါင်ရွာကနေ ဂျေယန်စစ်ဘေးဒုက္ခသည်စခန်းကို ရောက်နေတဲ့ စစ်ဘေးဒုက္ခသည် ဒေါ်မရန်ခမ်းဆန်က နေအိမ်မှာရှိတဲ့ ပစ္စည်းတွေအကုန် မီးထဲ ပါသွားတာတယ်လို့ RFA ကို ပြောပါတယ်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး မီးလောင်ပျက်စီးခဲ့သည့် ဂျေယန်စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

"အဝတ်တစ်ထည်နဲ့ပဲ ထွက်သွားတယ်။ အခုဝတ်ထားတဲ့အဝတ်တောင် မနေ့က သူများလာပေးလို့ ဝတ်ရတာ။ ရိုးရာပစ္စည်းတွေ၊ ထုတ်ပေးတဲ့ဆန်တွေ မရှိမဲ့ရှိမဲ့ စုပြီးဝယ်ထားတဲ့ ဆားတွေ၊ ဆန်တွေ၊ ဆီတွေ အကုန်ပါသွားတယ်။ အဝတ်အစားတွေ လည်း အကုန်ပါသွားပြီ။ အိမ်ထောင်စုနဲ့ မှတ်ပုံတင်တွေလည်း အကုန်ပါသွားပြီ။ ကလေးတွေရဲ့ မွေးစာရင်းလည်း ပါသွားပြီ"

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး မီးလောင်ပျက်စီးခဲ့သည့် ဂျေယန်စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဂျေယန်စစ်ဘေးဒုက္ခသည်စခန်းဟာ လိုင်ဇာမြို့အနီး တရုတ်ပြည်နယ်စပ်မှာရှိပြီး လက်ရှိ စစ်ဘေးဒုက္ခသည် ရှစ်ထောင်ကျော် နေထိုင်နေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org