ပုဂံရှေးဟောင်းနယ်မြေကို လာရောက်လည်ပတ်သူ နည်းပါး
2022.06.02
မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ ပုဂံရှေးဟောင်းမြို့မှာ လာရောက်လည်ပတ်သူ နည်းပါးနေဆဲဖြစ်ပြီး အခုလက်ရှိမှာ ပြည်တွင်းခရီးသွားအနည်းငယ်လောက်သာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရုံးပိတ်ရက်တွေဖြစ်တဲ့ စနေ၊ တနင်္ဂနွေလို နေ့မျိုးတွေမှာတော့ ပြည်တွင်းက လာရောက်လည်ပတ်သူတွေ ရှိပေမယ့်လည်း အရင်ကလို စည်စည်ကားကားမရှိပါဘူးလို့ ပြောပါတယ်။

ခရီးသွားဧည့်သည်နည်းတာကြောင့် အရင်ကလို ဝင်ငွေမကောင်းတော့ဘဲ စားဝတ်နေရေး ပြေလည်ဖို့အတွက်သာ ရုန်းကန်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုကာလမှာ ဘုရား၊ ပုထိုး၊ စေတီတွေ ပျက်စီးမှာ စိုးရိမ်တာကြောင့် အချို့နေရာတွေမှာ ပရိဝုဏ်ထဲ ဝင်ရောက်ခွင့်ကို ပုဂံရှေးဟောင်းသုသေတနအဖွဲ့က ပိတ်ထားပါတယ်။
