ရန်ကုန်က အခြေခံလူတန်းစားတွေရဲ့ အိမ်ပြန်ချိန်

RFA Burmese
2023.08.29
ရန်ကုန်က အခြေခံလူတန်းစားတွေရဲ့ အိမ်ပြန်ချိန် ရန်ကုန်မြို့တွင်းပြေးဆွဲသည့် အောက်ဆိုက်ကားတစ်စီး၏ ခေါင်မိုးပေါ်တွင် စီးနင်းလိုက်ပါမည့် ခရီးသည်တချို့အား ၂ဝ၂၃ ခုနှစ် ဩဂုတ်လအတွင်းက တွေ့ရစဉ်။
Photo: RFA

ရန်ကုန်မြို့မှာ နေ့စဉ်သွားလာလှုပ်ရှားနေရတဲ့ အခြေခံလူတန်းစားတွေဟာ အချိန်မီဖို့နဲ့ လုံခြုံရေးအတွက် YBS ဘတ်စ်ကားတွေကိုသာမက အောက်ဆိုက်ကားလို့ခေါ်တဲ့ ကြားဖြတ်ပြေးဆွဲတဲ့ယာဉ်တွေကိုပါ စျေးကြီးပေး စီးနင်းနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မြို့တွင်းပြေးဆွဲသည့် အောက်ဆိုက်ကားတစ်စီးတွင် လိုက်ပါလာသည့် ခရီးသည်တချို့အား ၂ဝ၂၃ ခုနှစ် ဩဂုတ်လအတွင်းက တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့တွင်းပြေးဆွဲသည့် အောက်ဆိုက်ကားတစ်စီးတွင် လိုက်ပါလာသည့် ခရီးသည်တချို့အား ၂ဝ၂၃ ခုနှစ် ဩဂုတ်လအတွင်းက တွေ့ရစဉ်။ (Photo: RFA)

အာဏာမသိမ်းခင်က YBS ယာဉ်စီးခဟာ ၂၀၀ ကျပ်သာရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ စက်သုံးဆီစျေး မြင့်တာလာတာနဲ့မျှ ယာဉ်စီးခ အနည်းဆုံး ၃၀၀ ကျပ်ပေးစီးနေရပြီး၊ ညအချိန်ပြေးဆွဲတဲ့ အောက်ဆိုက်ကားတွေမှာတော့ ယာဉ်စီးခ ကျပ် ၇၀၀ ထိ ပေးစီးနေရတယ်လို့ ဆိုပါတယ်။

အောက်ဆိုက်ကားဟုခေါ်သော ကြားဖြတ်ပြေးဆွဲသည့် ယာဉ်တချို့အား ၂ဝ၂၃ ခုနှစ် ဩဂုတ်လအတွင်းက ရန်ကုန်မြို့ထဲတွင် တွေ့ရစဉ်။ (Photo: RFA)
အောက်ဆိုက်ကားဟုခေါ်သော ကြားဖြတ်ပြေးဆွဲသည့် ယာဉ်တချို့အား ၂ဝ၂၃ ခုနှစ် ဩဂုတ်လအတွင်းက ရန်ကုန်မြို့ထဲတွင် တွေ့ရစဉ်။ (Photo: RFA)

ဘတ်စ်ကားစီးချိန်မှာတော့ အဖွဲ့လိုက် ခါးပိုက်နှိုက်သူတွေ၊ အလစ်သုတ်သူတွေရှိတဲ့အပြင် တချို့ဘတ်စ်ကားတွေမှာ တစ်စီးလုံးကို ဓားပြတိုက်တာတွေလည်းရှိနေတာကြောင့် သတိကြီးကြီးနဲ့ စီးနေရတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

YBS ယာဉ်တစ်စီးတွင် လိုက်ပါလာသည့် ခရီးသည်တချို့အား ၂ဝ၂၃ ခုနှစ် ဩဂုတ်လအတွင်းက တွေ့ရစဉ်။ (Photo: RFA)
YBS ယာဉ်တစ်စီးတွင် လိုက်ပါလာသည့် ခရီးသည်တချို့အား ၂ဝ၂၃ ခုနှစ် ဩဂုတ်လအတွင်းက တွေ့ရစဉ်။ (Photo: RFA)

ညပိုင်း ၇ နာရီကျော်ရင် YBS ယာဉ်လိုင်း ပြေးဆွဲမှုတွေ နည်းပါးသွားတာကြောင့် အလုပ်ချိန် နောက်ကျသူတွေဟာ အောက်ဆိုက်ကားကို အဓိကအားကိုးပြီး အိမ်ပြန်နေကြရတာလို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့ထဲတွင် ပြေးဆွဲသည့် အောက်ဆိုက်ကားတစ်စီးအား ၂ဝ၂၃ ခုနှစ် ဩဂုတ်လအတွင်းက တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ထဲတွင် ပြေးဆွဲသည့် အောက်ဆိုက်ကားတစ်စီးအား ၂ဝ၂၃ ခုနှစ် ဩဂုတ်လအတွင်းက တွေ့ရစဉ်။ (Photo: RFA)

အောက်ဆိုက်ကားတွေကို စျေးကြီးပေး စီးနေရပေမယ့် စီးနင်းသူ များလွန်းတာကြောင့်လည်း ကားခေါင်မိုးပေါ်တွေအထိ တက်စီးရတာတွေ ရှိပါတယ်။ ဒါပေမဲ့ အန္တရာယ်ကိုမမှုဘဲ အိမ်ပြန်ချိန်ကို စောနိုင်သမျှ စောရောက်အောင် ဒုက္ခကြီးစွာ စီးနေကြရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။