၂ဝ၁၆ ဟာ မြန်မာပြည်ရဲ့ သမိုင်းဝင် အထင်ကရနှစ် ဖြစ်တယ်


2016.12.31

၂ဝ၁၇ နှစ်သစ်ကို ရောက်ရှိခဲ့ပါပြီ။ နှစ် တစ်နှစ်ကို ကြိုဆိုရတာဟာ မင်္ဂလာတစ်ပါး ဖြစ်တာနဲ့အညီ ကုန်လွန်ခဲ့တဲ့နှစ်ကို ပြန်ပြောင်းသုံးသပ်ပြီး နှစ်သစ်မှာ တိုးတက်မှုတွေမြင်တွေ့ရအောင် လူသားအားလုံး ကြိုးစားကြရမှာဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေသူ အများစုကတော့ ၂ဝ၁၆ ခုနှစ်ဟာ မြန်မာ့သမိုင်းမှာ ထင်ရှားတဲ့ မှတ်တိုင်တစ်ခုဖြစ်ပြီး မြန်မာပြည်သူတွေအနေနဲ့ အခု
၂ဝ၁၇ ခုနှစ်အတွင်း အရင်နှစ်ကထက် တိုးတက်မှုတွေကို တွေ့မြင်ခံစားကြရမယ်လို့ ရှုမြင်ကြပါတယ်။

RFA အဖွဲ့သား ဦးခင်မောင်စိုးက နှစ်သစ်ကူး အထူးအစီအစဉ်အဖြစ် တင်ပြထားပါတယ်။

ဒီအစဉ်မှာ ပါဝင်ဝေဖန်ပြောကြားထားသူတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်၊ ဗမာပြည်ကွန်မြူနစ်ပါတီက ဒေါက်တာ
လှကျော်ဇော၊ စကိုင်းနက် ရုပ်မြင်သံကြားက အထွေထွေ မန်နေဂျာ စာရေးဆရာ ဟိန်းလတ်နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲချုပ် ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ကိုသီဟဝင်းတင်တို့ဖြစ်ပြီး အဆိုတော် ဒေါ်မာမာအေးက နှစ်သစ်ကူး သီချင်းလက်ဆောင် ချီးမြှင့်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။