မြိတ်မြို့နယ်က ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးတဲ့အကြောင်း တင်ပြချက်
2015.10.25
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ၆ ဦးနဲ့ ပါတီဝင်တွေ တွေ့ဆုံပွဲကို မြိတ်မြို့ မြိတ်တောင်ကျေးရွာ ဘောလုံးကွင်းမှာ ကျင်းပခဲ့ပါတယ်။ တနင်္သာရီတိုင်းမှာ လျှပ်စစ်မီးရအောင် ပြည်ခိုင်ဖြိုးပါတီက ဆောင်ရွက်ပေးနေတယ်လို့ပြောပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်လွင်ဦး က တင်ပြထားပါတယ်။