ထိုင်းသင်္ကြန်အကြိုနေ့ လူငယ်တွေလက်ဝှေ့အစွမ်းပြ

ဘန်ကောက်မြို့ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မွန်တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားလူငယ်တွေရဲ့ လက်ဝှေ့ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

ထိုင်းသင်္ကြန်အကြိုနေ့က ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်တွင် ကျင်းပခဲ့သည့် ရိုးရာလက်ဝှေ့ပြိုင်ပွဲ။ RFA

ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်မှာ ရှိတဲ့ ကွာမာ မွန်ဘုန်းတော်ကြီးကျောင်းမှာ မွန်တိုင်းရင်းသားတွေနဲ့တိုင်းရင်းသားလူငယ်တွေရဲ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို သင်္ကြန်အကြိုနေ့ မနေ့က ကျင်းပပါတယ်။

ဘန်ကောက်မြို့ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မွန်တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားလူငယ်တွေရဲ့ လက်ဝှေ့ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာ ဒီလိုရိုးရာလက်ဝှေ့ ပြိုင်ပွဲတွေခေတ်စားပြီး ပရိသတ်ကလည်း စိတ်ဝင်တစား အားပေးရှုစားကြပါတယ်။

ရိုးရာလက်ဝှေ့ပွဲကျင်းပတဲ့ ကွာမာမွန်ဘုန်းကြီးကျောင်းဟာ ဘန်ကောက်မြို့နေ တစ်နာရီလောက်ကားနဲ့သွားရတဲ့ ပထုံဌာနီခရိုင်မှာ ရှိပါတယ်။ လူငယ် ၅၀ကျော် အဲဒိ လက်ဝှေ့ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။

လက်ဝှေ့ထိုးနေချိန်မှာ ရိုးရာလက်ဝှေ့ယှဉ်ပြိုင်ပွဲတွေမှာ ကြားရလေ့ရှိတဲ့ အတိုင်း ခေတ်မီတူရိယာနဲ့ ပေါင်းစပ်ထားတဲ့ ဒိုးပတ်တီးဝိုင်းကလည်း စိတ်ဓာတ်တက်ကြွအောင် ယှဉ်ပြိုင်သူတွေကို အားပေးတီးခတ်ဖျော်ဖြေပါတယ်။ လက်ဝှေ့ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူတွေကလည်း သူနိုင်ကိုယ်နိုင် အကျိတ်အနယ် ကစားကြပြီး အနိုင်ရသူတွေကို ပွဲစီစဉ်သူတွေက ဆုငွေတွေ ချီးမြှင့်ပါတယ်။

မွန်နဲ့ တိုင်းရင်းသားရိုးရာ လက်ဝှေ့ ပြိုင်ပွဲစီစဉ်သူတစ်ဦးကတော့ ဒီပွဲဟာ ထိုင်းနိုင်ငံရောက် လက်ဝှေ့ဝါသနာအိုးတွေရဲ့လက်ရည်သွေးတဲ့ပွဲလို့ပြောပါတယ်။

“ထိုင်းနိုင်ငံရောက် မြန်မာတိုင်းရင်းသားတွေ အခုလို အလုပ်ပိတ်ရက်မှာ ဒီမှာကလည်း ရိုးရာလက်ဝှေ့ခေတ်စားတော့ လက်စွမ်းပြချင်တဲ့သူတွေအတွက် ဘုန်းကြီးကျောင်းမှာ ပွဲစီစဉ်ပေးရတာပေါ့ဗျာ”

ပြိုင်ပွဲ ပွဲစဉ်အားလုံးမှာ လူငယ်တွေ အင်နဲ့အားနဲ့ အနိုင်မခံအရှုံးမပေးယှဉ်ပြိုင် နေကြတာကိုတွေ့ရသလို နိုင်သူတွေမော်ပြီး အားမတန်လို့ မာန်လျှော့လိုက်ရသူ တွေလည်း မြင်တွေ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org