သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-02-28
မြန်မာ့ပင်လယ်ပြင်မှာ သုံးနှစ်အတွင်းအဖမ်းခံရတဲ့ရိုဟင်ဂျာ ၁၇၀၀ နီးပါးရှိတယ်လို့ RFA က သီးသန့်ဖတ်ခွင့်ရတဲ့ တပ်မတော် (ရေ) ရဲ့ လျှို့ဝှက်စာရင်းအရသိရပါတယ်။
2020-02-26
ကိုရိုနာဗိုင်းရပ်စ် ရောဂါပြန့်ပွားလာနေတဲ့ နိုင်ငံတွေထဲမှာကူးစက်ပြန့်ပွားမူဟာ တရုတ်နိုင်ငံပြီးရင် ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေဖြစ်ကြပါတယ်။ ကိုရီးယားနဲ့ ဂျပန်နိုင်ငံဆိုတာလည်း မြန်မာနိုင်ငံသားတွေ သောင်းနဲ့ချီရှိနေပြီး အလုပ်လုပ်နေတဲ့နိုင်ငံတွေပါ။
2020-02-26
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ ဆက်လက်မြင့်မားနေပါတယ်။ အာရှတိုက်အတွင်း ကူးစက်မှုများပြားတဲ့ တိုင်းပြည်တွေမှာနေထိုင်တဲ့ မြန်မာလူမျိုးတွေရဲ့အခြေအနေ ဘယ်လိုရှိနေပါသလဲ...။
2020-02-25
ထိုင်းနိုင်ငံမှာ စစ်တပ်အရာရှိတစ်ဦးကို တပ်ကြပ်က ပစ်သတ်ခဲ့တဲ့ဖြစ်စဉ်ဟာ စစ်တပ်ကလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့်လို့ ထိုင်းကာကွယ်ရေးဦးစီးချုပ်က သုံးသပ်ပြီး တပ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို ဘဏ္ဍာရေးဝန်ကြီးဌာနကို လွှဲပြောင်းလိုက်ပါတယ်။ ထိုင်းနိုင်ငံအခြေအနေနဲ့ မြန်မာနိုင်ငံအခြေအနေတွေကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က နှိုင်းယှဥ် တင်ပြထားပါတယ်။
2020-02-25
စာစစ်ဌာနပိတ်လို့ မြို့တက်ပြီး ဆယ်တန်းဖြေရမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ထောင်ချီတဲ့ကျောင်းသူ၊ ကျောင်းသားအတွက် အစိုးရက သွားလာရေးအတွက် စီစဉ်ပေးဖို့ လိုအပ်နေပါတယ်။
2020-02-24
တိုင်းရင်းသားဒေသတချို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူထုနဲ့ တွေ့ဆုံနေတာဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတာလို့ တိုင်းရင်း သားပါတီတွေက ဝေဖန်လိုက်ပါတယ်။
2020-02-23
ရာသီဥတုအေးရင် ကိုရိုနာဗိုင်းရပ်စ်သေတယ်ဆိုတာ မဟုတ်တဲ့အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
2020-02-20
ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာကျရောက်တဲ့ ၇၂ ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ် ထန်တလန်မြို့မှာ ကျင်းပခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။ အခုလို ချင်းပြည်နယ်ကို နှစ်ရက်တာလာရောက်ပြီး လူထုနဲ့ ကျယ်ကျယ်ပြန့်ပြန့်တွေ့ဆုံတဲ့အတွက် ဒေသခံတွေအနေနဲ့ ဘယ်လိုမျှော်လင့်ချက် တွေရှိပါသလဲ။
2020-02-20
ရခိုင့်တပ်တော် AA က စားနပ်ရိက္ခာသယ်ယူမယ်ဆိုရင် ရပ်ကျေးအုပ်ချုပ်ရေး ထောက်ခံချက်ရယူကြဖို့ ထုတ်ပြန် ထားပါတယ်။ တနည်းအားဖြင့် ဒီကြိုးပမ်းမှုဟာ လူထုအခြေပြု အုပ်ချုပ်ရေးယန္တရားကို စတင်အကောင်အထည်ဖော် နေတာလို့ သုံးသပ်နေကြပါတယ်။
2020-02-19
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်း ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးဖို့ တပ်မတော်သား ကိုယ်စားလှယ် အားလုံးနီးပါး အမည်စာရင်းပေးသွင်း ထားတဲ့အပေါ် နိုင်ငံရေးပါတီ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေရဲ့ အမြင်ကို RFA သတင်းထောက် ကိုနေမျိုးထွန်းက စုစည်း တင်ပြထားပါတယ်။
2020-02-18
ကုလသမဂ္ဂ လူ့အခွင့်အရးကောင်စီက လူ့အခွင့်အရေးကျွမ်းကျင်သူ အလုပ်အဖွဲ့က မြန်မာနိုင်ငံ ရခိုင်ဒေသမှာ အင်တာနက်တွေပိတ်ထားတာနဲ့ ပတ်သက်ပြီး ကန့်ကွက်တောင်းဆိုလိုက်ပါတယ်။
2020-02-18
"နိုင်လွတ်လုံ"လို့ အများသိကြတဲ့ "နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ" မှာ အားနည်းချက်တွေ ရှိနေတာကြောင့် လွှတ်တော်မှာ ပြင်ဆင်ဖို့ ကြိုးပမ်းနေပါတယ်။
2020-02-17
တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အခုထိ ခုနှစ်သောင်းနီးပါး ရှိနေပါပြီ။ လူစုလူဝေးတွေကို ရှောင်ရှားကြဖို့လည်း နိုင်ငံအလိုက် အာဏာပိုင်တွေက တိုက်တွန်းထား ပါတယ်။
2020-02-17
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတင်းမှားတွေနားမယောင်ဖို့ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က သတိပေးပါတယ်။ ခရီးသွားဖို့ စီစဉ်ထားရင်လည်း သွားနိုင်ပေ မယ့် ဗိုင်းရပ်စ်မကူးနိုင်အောင် လက်ကိုသန့်သန့်ရှင်းထားဖို့လည်း မှာကြားတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2020-02-12
မြန်မာနိုင်ငံမှာ တန်းတူညီမျှတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်ဖို့ တိုင်းရင်းသားတွေစုပေါင်းပြီး ပင်လုံစာချုပ်ချုပ်ဆိုခဲ့ကြတာ နှစ်ပေါင်း ၇၀ ကျော် လာခဲ့ပါပြီ။ ဒါပေမယ့် မူလမျှော်မှန်းခဲ့တဲ့ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ပြည်ထောင် စုကြီးက လက်ရှိမှာဖြစ်မလာသေးဘူးလို့ တိုင်းရင်းသားတွေက ဝေဖန်ထောက်ပြတာတွေ ရှိနေပါတယ်။