သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-06-12
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကူအညီကိုရဖို့ စစ်ကောင်စီက ကြိုးပမ်းနေတာတွေဟာ လက်ရှိနိုင်ငံရေးမှာ စစ်ကောင်စီက အဖက်ဖက်က ကျဆုံးနေတာကို ပြသနေတာလို့ နိုင်ငံရေးအကဲခတ်တွေက မှတ်ချက်ပြုပါတယ်။
2023-06-12
မိုးဗြဲမြို့နယ်မှာ မေလ ၂၅ ရက်နေ့နောက်ပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပါတယ်။
2023-06-12
စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ကန့်ဘလူမြို့နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရင်း မြွေကိုက်ခံရသူ ၆၉ ဦးထိရှိလာပြီး မြွေဆိုးအန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
2023-06-11
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်နေတာကြောင့် ပြည်သူ ငါးထောင်ကျော် ထွက်ပြေးနေရပါတယ်။
2023-06-10
အာဏာသိမ်း စစ်ကောင်စီ အသိုင်းအဝိုင်းနဲ့ သူတို့ကို ထောက်ခံတဲ့ မီဒီယာတွေမှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG ခေါင်းဆောင်တွေ၊ သတင်းမီဒီယာသမားတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ မိသားစုဝင်တွေ နေထိုင်တဲ့ နေရပ်လိပ်စာတွေကို ဖော်ထုတ်ဖို့ ရေးသားနှိုးဆော်နေကြပါတယ်။
2023-06-10
စစ်ကောင်စီတပ်က လေကြောင်းကနေ ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် ညောင်ပင်ကြီးရွာအပါအဝင် ရွာ ၁၀ ရွာခန့်က ဒေသခံငါးထောင်နီးပါး ထွက်ပြေးနေရပါတယ်။
2023-06-09
၂၀၁၉ ခုနှစ်မှာ အစ္စရေးလက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဟာ မြန်မာစစ်တပ်အတွက် လက်နက်ထုတ်လုပ်နိုင်စေမယ့် စက်ပစ္စည်းတွေ တင်ပို့ခဲ့တယ်လို့ Justice for Myanmar အဖွဲ့က ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
2023-06-09
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ KNU ထိန်းချုပ်နယ်မြေတွေကို လူငယ်အများအပြားရောက်လာတဲ့အတွက် ဘုံရန်သူကိုပြန်တိုက်ဖို့ လက်တွဲလုပ်ဆောင်ရမယ့်မူဝါဒရှိတယ်လို့ ပဒိုစောတောနီး က ပြောပါတယ်။
2023-06-09
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပုဂ္ဂလိကကျောင်းတွေမှာ ပါတီနိုင်ငံရေးအကြောင်းအရာတွေမသင်ရဆိုတဲ့ဥပဒေ ထုတ်လိုက်ပါတယ်။
2023-06-09
စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးအင်အားစုအဖွဲ့ ၁၇၀ ကျော်က စစ်ကိုင်းဖိုရမ် ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါတယ်။
2023-06-08
နိုင်ငံတကာအဖွဲ့တွေ သွားရောက်ကူညီခွင့် ပိတ်လိုက်တယ်ဆိုတာ မှန်ပါတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူတစ်ဦးကလည်း RFA ကို ပြောပါတယ်။
2023-06-08
ထွက်ပြေးတဲ့သူထဲက တစ်ယောက် ဒဏ်ရာနဲ့ဖမ်းမိပြီး သေသွားတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အဲဒီတစ်ယောက် မသေဘဲ လွတ်မြောက်သွားတယ်၊ ဒါပေမဲ့ လူချင်းကွဲသွားတယ်လို့ ကိုဗေဒါက ပြောပါတယ်။
2023-06-08
MNDAA၊ AA၊ TNLA နဲ့ စစ်ကောင်စီတို့အကြား ငြိမ်းချမ်းရေးအကြို တွေ့ဆုံဆွေးနွေးပွဲဟာ ဘာရလဒ်မှ မထွက်ဘဲ တစ်ဝက်တစ်ပျက်နဲ့ ပြီးဆုံးသွားပါတယ်။
2023-06-08
ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ အခွန်ငွေရရှိမှာကို စိုးရိမ်ပြီး စစ်ကောင်စီက မန္တလေးနဲ့ မကွေးတိုင်းက ရေနံမှော်တွေကို ဆက်တိုက်ပိတ်သိမ်းနေတာကြောင့် လူသုံးသိန်းနီးပါး အခက်အခဲ ဖြစ်နေပါတယ်။
2023-06-07
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်အတွက် အာဂျင်တီးနားနိုင်ငံတရားရုံးမှာ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် စွဲဆိုထားတဲ့အမှုကို ဇွန်လ ၆ ရက်နေ့က စတင်ကြားနာခဲ့ပါတယ်။