သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-07
၂ဝ၁၅ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ ANP ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စား လှယ်လောင်းတွေကို ပါတီတွင်းမှာ ရွေးကောက် ပွဲတွေကျင်းပပြီး ရွေးချယ်နေပါတယ်။ ANP ပါတီ တွင်း ရွေးကောက်ပွဲရလဒ်တွေအပေါ် မကျေနပ် တဲ့အတွက် ရသေ့တောင်မြို့မှာ ဒေသခံ တစ်ရာကျော်က ကန့်ကွက်ဆန္ဒပြကြပါတယ်။
2015-06-07
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို စားဝတ်နေရေး ကူညီနေတဲ့ နိုင်ငံတကာ အဖွဲ့ အစည်းတွေက အကူအညီတွေ ထက်ဝက်လောက် လျှော့ချလိုက်ပြီဖြစ်တဲ့အတွက် စစ်ဘေးဒုက္ခသည်တွေကို အများပြည်သူက ပါဝင် လှူဒါန်းကြဖို့ ကချင်လူမှုအဖဲ့ွအစည်း တွေက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2015-06-04
ကရင်အမျိုးသားအစည်းအရုံး KNU ထိမ်းချုပ်နယ်မြေ မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံမှာ တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးအတွက် အဖွဲ့အားလုံး လက်မှတ်ထိုးနိုင် မလား၊ မထိုးနိုင်ဘူးလားဆိုတဲ့အပေါ် သဘောထား ကွဲလွဲနေပါတယ်။
2015-06-04
ဧရာဝတီတိုင်း ဖျာပုံမြို့အနီးက မြန်မာ့ရေပိုင်နက်တွင်းမှာဖမ်းမိတဲ့ လှေစီးဒုက္ခသည် ၇ဝဝ ကျော်ကို ခေတ္တထိန်းသိမ်းထားတဲ့ ဟိုင်းကြီးကျွန်းကနေ ရခိုင်မောင်တောမြို့နယ် ကညင်ချောင်းကျေးရွာကို ရွှေ့ပြောင်းထားရာမှာ ၄ဝဝ နီးပါးလောက် ရောက်ရှိနေပါတယ်။
2015-06-04
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေနဲ့ လက်ရှိကယ်ဆယ်ထားတဲ့ လှေစီးဒုက္ခသည်တွေ အရေးကိစ္စကို နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တာဝန်ရှိသူတွေက ဒီနေ့ ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ရှင်းပြခဲ့ပါတယ်။
2015-06-04
ဧရာဝတီသပိတ်စစ်ကြောင်းမှာ ဦးဆောင်ပါဝင်ခဲ့သူ ပုသိမ်နည်းပညာတက္ကသိုလ်က နည်းပြဆရာ ဦးဝေယံအောင်ကို တရားမဝင်စီတန်း လှည့် လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ပုသိမ်မြို့နယ် တရားရုံးက မေလ ၂၂ ရက်နေ့က ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပါတယ်။
2015-06-03
လွှတ်တော်ကိုယ်စားလှယ်တွေ အိပ်ငိုက်နေတဲ့ပုံတွေ နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ မဲပေးနေ ပုံတွေ သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက် စာမျက် နာတွေမှာ ပျံ့နှံ့ထွက်ပေါ်ခဲ့တာနဲ့ ပတ်သက် လို့ နေပြည်တော်လွှတ်တော်သုံး ရပ်လုံးမှာ သတင်း သမားတွေအတွက် သတ်မှတ်ပေးထားတဲ့ မီဒီယာ ခန်းကနေ သတင်းယူခွင့် ပိတ်ပင်လိုက်ပါတယ်။
2015-05-31
မြေသိမ်းတဲ့ တပ်နဲ့ တောင်သူ အချင်းများရာက ကိုယ့်ကိုယ်ကို မီးရှို့အဆုံးစီရင်သွားတဲ့ တောင်ကြီး ခရိုင် ရွှေညောင်မြို့နယ် ရေပူကျေးရွာ က တောင်သူ ဦးမြင့်အောင်ရဲ့ တူမနှစ်ယောက်ကိုလည်း ရဲစခန်း က အမှုဖွင့်ထားပါတယ်။ ဒေါ်စမ်းစမ်းတင်က တင်ပြ ပါမယ်။
2015-05-31
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်းအဝေးကို ၂ဝ၁၅ ခုနှစ်၊ မေလ ၂၉ ရက်ကနေ ၃၁ ရက် အထိ နေပြည်တော်မှာရှိတဲ့ ပါတီဌာနချုပ်မှာ သုံး ရက်တာကျင်းပခဲ့ပါတယ်။
2015-05-31
မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ချီးမြှင့်တဲ့ အမျိုးသားသတင်း ဆုပေးပွဲအခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က မြရိပ်ညိုဟိုတယ်မှာ ဒီနေ့ ကျင်းပခဲ့ပြီး သတင်း၊ ဓါတ်ပုံ၊ ရုပ်သံနဲ့ ကာတွန်းဆုတွေ ပေးအပ်ခဲ့ပါတယ်။
2015-05-31
မိုးစပါးအတွက် စိုက်ပျိုးစရိတ်ဘဏ်ချေးငွေတွေကို လယ်ယာလုပ်ကိုင်ခွင့် ပုံစံ ၇ ရှိသူများကိုသာ ထုတ်ချေးပေးဖို့ ညွှန်ကြားထားတာကြောင့် မြန်မာ လယ်ယာဖွံ့ဖြိုးရေးဘဏ်က ချေးငွေရရှိရေးအတွက် ပုံစံ ၇ မရှိတဲ့ လယ်သမားတွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။
2015-05-28
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။အဲ့ဒီ ဥပဒေကြမ်းနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေး ဆက်စပ်နေပုံနဲ့ အဲ့ဒီဥပဒေကြမ်းအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က စုစည်း တင်ပြထားပါတယ်။
2015-05-28
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၁၄ မြို့နယ် နဲ့ နေပြည်တော်ကောင်စီ မြို့နယ် ၈ ခုမှာ ကြေညာ ထားတဲ့ မဲပေးခွင့်ရှိသူစာရင်းတွေမှာ မဲပေးခွင့် အမည်စာရင်း မပါသူတွေရှိနေတယ်လို့ မဲစာရင်း စိစစ်နေတဲ့ အဖွဲ့အစည်းတွေက ပြောကြပါတယ်။
2015-05-27
လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင် ရဲ့ နောက်ဆုံးတွေ့ရှိချက်တွေကို တင်ပြတဲ့ အစီရင် ခံစာအပေါ် ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၂၇ ယောက်က ဆွေးနွေး ခဲ့ပါတယ်။
2015-05-27
အမျိုးသားပညာရေး ဥပဒေပြဌာန်းပြီးရင် ဆက်လက်ရေးဆွဲရမယ့် ဥပဒေတွေထဲက "အဆင့်မြင့်ပညာရေးဥပဒေကြမ်း" ကို ရေးဆွဲနိုင်ဖို့အတွက် ဒီနေ့ နေပြည်တော် မှာ ဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။