အပစ်ရပ်စဲရေးအတွက် အဖွဲ့ အားလုံး လက်မှတ်ထိုးနိုင်မလား၊ မထိုးနိုင်ဘူးလား
2015.06.04
ကရင်အမျိုးသားအစည်းအရုံး KNU ထိမ်းချုပ်နယ်မြေမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံမှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးအတွက် အဖွဲ့အားလုံး လက်မှတ်ထိုးနိုင်မလား၊ မထိုးနိုင်ဘူးလားဆိုတဲ့အပေါ် သဘောထားကွဲလွဲနေပါတယ်။
ကိုးကန့်၊ ပလောင်နဲ့ ရခိုင်အဖွဲ့တွေကို အစိုးရက ဒီတစ်ကြိမ်လက်မခံဘူးလို့ ပြောဆိုထားတဲ့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲရေးဖြစ်ဖို့ ခက်ခဲနေပါတယ်။ RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။