သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-01-17
တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တရုတ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) နှစ်ဖက်ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2025-01-17
စစ်တပ်အာဏာသိမ်းပြီးတဲ့အခါမှာတော့ ပြည်တွင်းအခြေစိုက် သတင်းမီဒီယာ ၁၁ ခုကို ပိတ်သိမ်းပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပြန်ပြီးဖိနှိပ်ကန့်သတ်လာခဲ့ပါတယ်။
2025-01-17
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖားကန့်ဒေသအထိ တရားမဝင်သွားပြီး ကျောက်စိမ်းဝယ်တဲ့ တရုတ်နိုင်ငံသားတွေ ပိုများလာပါတယ်။
2025-01-16
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မကျီးဇင်ကျေးရွာကို AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် မကျီးဇင်ဘက်ကို စစ်ကောင်စီတပ်က လူအင်အားပို့ဆောင်ပြီး စစ်ရေးအတွက် ပြင်ဆင်နေပါတယ်။
2025-01-16
မဏိပူရ်ပြည်နယ်မှာ ခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ မဏိပူရ်အာဏာပိုင်တွေက ဖိအားပေးနေပါတယ်။
2025-01-15
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က တိုက်ပွဲတွေဟာ နယ်မြေထိစပ်နေတဲ့ မကွေးတိုင်းအထိ ရောက်လာပါတယ်။
2025-01-15
တိုက်ပွဲတွေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေထဲက ကလေးငယ်တွေဟာ စားနပ်ရိက္ခာ မလုံလောက်တဲ့အတွက် အာဟာရချို့တဲ့မှုနဲ့ ကြုံနေရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
2025-01-15
မြန်မာနိုင်ငံမှာ စစ်ကောင်စီဟာ ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ဖို့အတွက်ပဲ လေယာဥ်တွေကို အသုံးပြုနေတယ်လို့ ပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ဝေဖန်ထောက်ပြနေပါတယ်။
2025-01-14
တော်လှန်ရေးလှုပ်ရှားမှုမှာ ပါဝင်သူတွေရဲ့ မွေးကင်းစကလေးတွေကို စစ်ကောင်စီသံရုံးက နိုင်ငံသားစာရင်းမသွင်းပေးဘူးလို့ ကာယကံရှင်တွေက ပြောပါတယ်။
2025-01-14
ညောင်ရွှေ၊ မောက်မယ်နဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း မြို့နယ်အတွင်းမှာ တစ်နှစ်အတွင်း တိုက်ပွဲတွေကြောင့် ဒေသခံ ခြောက်သောင်းခွဲကျော် ထွက်ပြေးနေရပါတယ်။
2025-01-14
အခု ၂၀၂၅ နှစ်စပိုင်းမှာပဲ မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတွေမှာ စစ်ကောင်စီကရွာတွေမှာ စစ်ကြောင်းထိုးတာ ပြန်များလာသလို၊ တော်လှန်ရေးတပ်တွေဘက်ကလည်း စုစည်းမှုပိုကောင်းလာပြီး စစ်ကောင်စီကို ပြန်တိုက်ခိုက်လာနိုင်ကြတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။
2025-01-13
TNLA က တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို အပြီးတိုင်ချေမှုန်း တော်လှန်သွားမယ်လို့ ဇန်နဝါရီ ၁၂ ရက်ကကျရောက်တဲ့ ၆၂ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ ထုတ်ပြန် ကြေညာပါတယ်။
2025-01-13
ဖားကန့်မြို့နယ် ကျောက်စိမ်းတွင်းဟောင်းတစ်ခုရဲ့ နွံကန် ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်အစောပိုင်းမှာ ပေါက်ကျတာကြောင့် အိမ်ငါးဆယ်လောက်နစ်မြုပ်ခဲ့ပြီး လူပေါင်း ဒါဇင်နဲ့ချီ ပျောက်ဆုံးနေတယ်လို့ ဖားကန့်ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
2025-01-12
ကချင်ပြည်နယ် တနိုင်းမြို့နယ်နဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တို့မှာ ဇန်နဝါရီလ ၁၁ ရက်နေ့ တစ်ရက်တည်းမှာတင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် နှစ်ဆယ်ကျော် သေဆုံးခဲ့ပြီး သုံးဆယ်နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။
2025-01-11
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အမိန့်ပေးစေခိုင်းမှုအောက်မှာ ဆောင်ရွက်နေတာ မဟုတ်တဲ့အပြင် စုစည်းညီညွတ်တဲ့ တပ်ပေါင်းစုတစ်ခုလည်း မဟုတ်တဲ့အကြောင်း ဒေးဗစ်မက်သီဆင်က ရေးသားထားပါတယ်။