သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-01-28
အင်းတော်မြို့မှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီ တပ်စခန်းကုန်းကို ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေသလို စစ်တပ်ကလည်း လေကြောင်းနဲ့ အပြင်းအထန် တိုက်ခိုက်နေပါတယ်။
2025-01-27
မြင်းခြံမြို့နယ် ဆင်းဂွတ်ရွာမှာရှိတဲ့ ပကဖရုံး၊ စာသင်ကျောင်းနဲ့ ဆေးပေးခန်းအနီးကို စစ်တပ်က ဇန်နဝါရီ ၂၆ ရက် မနက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် ၁၉ ဦး သေဆုံးသွားပါတယ်။
2025-01-27
ကချင်ပြည်နယ် ဗန်းမော်မြို့က စစ်ကောင်စီတပ်တွေကို KIA နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး ဗန်းမော်လေယာဉ်ကွင်း ပတ်ဝန်းကျင်ကိုလည်း စိုးမိုးထားနိုင်ပြီလို့ ဒေသခံတွေနဲ့ KIA နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2025-01-27
စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာ ဧည့်စာရင်းအကြောင်းပြပြီးဖမ်းတာတွေ၊ စစ်ဆေးရေးဂိတ်တွေမှာ ဖုန်းတွေစစ်၊ လိုင်စင်တွေစစ်ပြီး အကြောင်းအမျိုးမျိုးနဲ့ ဖမ်းပြီး စစ်သင်တန်းပို့တာတွေ ပိုများလာပါတယ်။
2025-01-26
အရင်စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်က နှစ်ရှည်စာချုပ်နဲ့ ငှားခဲ့တဲ့ မန္တလေးမြို့ ဗထူး ဘောလုံးကွင်းနဲ့ အောင်မြေမန္တလာ ဘောလုံးကွင်းပတ်လည်က ဆိုင်ခန်းနဲ့ နေအိမ် နှစ်ရာကျော်ကို ဇန်နဝါရီလ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖျက်ဆီးလိုက်တယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
2025-01-25
စစ်ကောင်စီကိုယ်တိုင်ကလည်း ဒီလို မထိန်းချုပ်နိုင်တာကို ဝန်ခံထားပြီး မြို့နယ် ၁၆၁ မြို့နယ်မှာပဲ သန်းခေါင်စာရင်းကောက်ခံပြီး ရွေးကောက်ပွဲလုပ်နိုင်မယ်လို့ ပြောထားပါတယ်။
2025-01-25
ဒီအမှုကို ဒီလိုတရားစီရင်ဖို့ ပြင်ပက အကူအညီမလိုအပ်ဘူးလို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခ က RFA ကို ပြောပါတယ်။
2025-01-25
ဒီလေးနှစ်အတွင်း PDF တွေဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ ပူးပေါင်းတော်လှန်တဲ့အတွက် စစ်ကောင်စီက ခံစစ်အသွင်ပြောင်းရတဲ့ အနေအထား ရောက်လာပါတယ်။
2025-01-25
စာချုပ်မှာပါတဲ့ စက်ရုံမှာ အလုပ်မရသလို ရတဲ့အလုပ်မှာ ဝင်လုပ်နေပေမဲ့လည်း လုပ်ခလစာမရလို့ အခက်အခဲဖြစ်နေပါတယ်။
2025-01-25
ဗန်းမော်မြို့က စစ်တပ်ရဲ့ လက်ကျန်တပ်ရင်းတွေဖြစ်တဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) နဲ့ ခြေလျင်တပ်ရင်း ခလရ (၄၇) ကို KIA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
2025-01-24
တရုတ်လုပ်ငန်းရှင်တွေဟာ အိုင်တီကျွမ်းကျင်သူတွေကို အဖမ်းအဆီးမခံရအောင် နေရာပြောင်းနေတာလို့ ငွေလိမ်ဂိုဏ်းတစ်ဂိုဏ်းမှာ လုပ်ကိုင်နေတဲ့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
2025-01-24
စစ်ကောင်စီတပ်ဖွဲ့ဝင် ဒါမှမဟုတ် အရပ်သားတွေကို အာရက္ခ တပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ညှဉ်းပန်းနှိပ်စက်ပြီး ကွပ်မျက်နေတဲ့ ဗီဒီယိုမှတ်တမ်းနဲ့ ပတ်သက်ပြီး AA က ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
2025-01-24
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တိုရဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ငါးသိန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရဆဲဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ စားဝတ်နေရေး ခက်ခဲလာတယ်လို ဒုက္ခသည်တွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။
2025-01-24
KIA ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်က တရုတ်နယ်စပ်ဂိတ်တွေ နှစ်ဖက်ပြန်ဖွင့်ထားတာ တစ်လကျော်လာပေမဲ့ အရင်လို အပြန်အလှန်ကုန်သွယ်မှုတွေ မရှိသေးပါဘူး။
2025-01-23
စစ်တပ်အာဏာသိမ်းထားတဲ့ ၂ဝ၂၁ ခုနှစ်ကနေ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလအထိ လေးနှစ်နီးပါးအတွင်း CDM မှာ ပါဝင်လာတဲ့ ရဲနဲ့ စစ်သား တစ်သောင်းခွဲနီးပါးရှိလာပါတယ်။