သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-10-25
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်နေတာ တစ်နှစ်ခန့်ရှိလာပြီး တိုက်ပွဲကြောင့်ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ခြောက်သိန်းခန့်ရှိလာတယ်လို့ အကူအညီပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။
2024-10-25
ထိုင်းနိုင်ငံအတွင်းကို နယ်စပ်ဂိတ်တွေကနေ ကုန်းလမ်းကြောင်းနဲ့ ဝင်လာသူတွေကို နေထိုင်ခွင့် ဗီဇာတိုးပေးတာနဲ့ ဗီဇာပြောင်းလဲလျှောက်ထားခွင့် မပြုတော့ပါဘူး။
2024-10-25
အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ဖြစ်ရပ်တွေ အခု ၂၀၂၄ ခုနှစ်မှာ အရင်နှစ်တွေထက် ပိုများနေတာ တွေ့ရပါတယ်။
2024-10-24
သင်္ဃန်းညီနောင်က စစ်တပ်ဗျူဟာအပါအဝင် တပ်ရင်းသုံးခုနေရာကို ပြန်သိမ်းဖို့ မြဝတီကုန်သွယ်ရေးဇုန်နဲ့ ခလရ ၂၇၅ မှာ စစ်ရေးပြင်ဆင်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
2024-10-24
ကလေးလမ်းကိုပါ ကန့်သတ်လိုက်တာကြောင့် တမူးနဲ့ ခါမ်းပါတ်မြို့က ဒေသခံတွေဟာ ကုန်ဈေးနှုန်းကြီးမှုအပြင် ကုန်ပစ္စည်းရှားပါးမှုနဲ့ပါ ကြုံနေရပါတယ်။
2024-10-24
ပြည်သူ့စစ်မှုထမ်းဥပဒေအတည်ပြုပြီး စစ်ကောင်စီက စုဆောင်းထားတဲ့သူတွေထဲမှာ သက်စွန့်ဆံဖျား ထွက်ပြေးကြတဲ့ လူငယ်တွေ ရှိနေပါတယ်။
2024-10-23
အမျိုးသမီးအလုပ်သမားတွေ အလုပ်ရှားလာပြီး လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခံရတာတွေ၊ အကြမ်းဖက်ခံရတာတွေ၊ ခေါင်းပုံဖြတ်ခံရတာတွေ ပိုဖြစ်လာတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
2024-10-23
တရုတ်-မြန်မာ မူဆယ်နယ်စပ်ဂိတ်ကနေ မြန်မာနိုင်ငံဘက်ကို ကုန်ပစ္စည်းအချို့ တင်သွင်းမှုကို တရုတ်နိုင်ငံက အောက်တိုဘာ ၂၂ ရက် မနေ့ကစပြီး ပိတ်ပင်လိုက်ပါတယ်။
2024-10-23
ပွင့်လင်းရာသီမှာ နိုင်ငံတစ်ဝန်း စစ်ရေးပိုပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
2024-10-23
လွိုင်ကော်ပညာရေးဒီဂရီ ကောလိပ်ကျောင်းကို အဆောင်နေပုံစံမျိုးနဲ့ ပထမဆုံးကျောင်းအဖြစ် ပြန်ဖွင့်နေပြီလို့ သတင်းစာတွေမှာ ဖော်ပြပါတယ်။
2024-10-22
စစ်ကောင်စီဘက်က ရှုံးနေတာတောင် တရုတ်ဟာ စစ်ကောင်စီကို ထောက်ခံအားပေးတာတွေ ပိုတိုးလာနေတယ်လို့ ဆောင်းပါးရှင်က ထောက်ပြထားပါတယ်။
2024-10-22
ဘုတလင်မြို့နယ်မှာ ဒီလအတွင်း အရပ်သားပြည်သူ ၂၅ ဦးကျော်ကို စစ်ကောင်စီတပ်တွေ သတ်ဖြတ်ခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) တာဝန်ရှိသူတွေက ပြောပါတယ်။
2024-10-22
မြေရှားသတ္တု အများဆုံးထွက်တဲ့ မြန်မာ-တရုတ်နယ်စပ် ပန်ဝါမြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပြီးနောက် KIO/KIA ထိန်းချုပ်နယ်မြေက နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပိတ်လိုက်ပါတယ်။
2024-10-22
အခုနောက်ပိုင်း ဒေသတချို့မှာ လူမှုကူညီရေးအသင်းသားတွေ သတ်ဖြတ်ခံရတာ၊ ဖမ်းဆီးထောင်ချခံရတာ များလာတာကြောင့် ကူညီရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေရသလို လုံခြုံမှုကင်းမဲ့နေပြီး စိုးရိမ်နေကြပါတယ်။
2024-10-21
မြန်မာနိုင်ငံမှာ ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်ဖို့အတွက် ရုရှားရေတပ်ရဲ့ စစ်ရေယာဉ်လေးစင်းဟာ အောက်တိုဘာလ ၂၀ ရက် တနင်္ဂနွေနေ့က ရောက်ရှိလာပါတယ်။