သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-22
ပြီးခဲ့တဲ့နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သိန်းနဲ့ချီပြီး ရောက်လာတဲ့ ဒုက္ခသည်တွေကြောင့် ဒေသခံတွေရဲ့ လူနေမှုဘဝတွေအပေါ် သက်ရောက်မှုတွေရှိလာတဲ့အတွက် ကော့ဆက်ဘဇားဒေသမှာ နေထိုင်တဲ့ ဒေသခံ တစ်သောင်းလောက်ကို ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) က အိမ်ထောင်စုသုံး ပစ္စည်းတွေ စတင် ဝေငှခဲ့ပါတယ်။
2019-01-21
ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ စာမေးပွဲဖြေဆိုရေး အခက်အခဲမဖြစ်ဖို့အတွက် တိုက်ပွဲတွေမဖြစ်အောင် ထိန်းသိမ်းသွားမယ်လို့ SSPP က ပြောပါတယ်။
2019-01-21
ကချင်ပြည်နယ်က ဝန်ကြီးတချို့ကို အကြောင်းပြချက် တစ်စုံတစ်ရာမပေးဘဲ ရာထူးကနေ နုတ်ထွက်ကြောင်း စာတင်ဖို့ ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က အခုလ ၁၈ ရက်နေ့က ညွှန်ကြားလာတယ်လို့ ကာယကံရှင် ဝန်ကြီးတွေက RFA ကို ပြောပါတယ်။ RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။
2019-01-21
ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းနဲ့ ပတ်သက်လို့ လူထုသဘောထားအတိုင်းပါပဲလို့ NLD ပြောခွင့်ရသူက ပြောကြားထားပါတယ်။ လူထုသဘောထားသိဖို့ အစိုးရကမလုပ်နိုင်ရင် မြစ်ဝှမ်းတလျှောက်က ပြည်သူလူထုကိုယ်တိုင် ဆန္ဒသဘောထားကောက်ယူနိုင်တယ်လို့ BANCA ဇီဝမျိုးစုံ မျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးအသင်းက ပညာရှင်က ပြောပါတယ်။
2019-01-20
အစိုးရတပ်မတော်ဘက်က တပ်မတော်တစ်ခုတည်း ထားရှိရေးမူနဲ့ ရက္ခိုင့်တပ်မတော် AA ဘက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့် Confederation ရရှိရေးဆိုတဲ့ မူဝါဒကွဲပြားမှုတွေကြောင့် ဒီ ၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာလိမ့်မယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
2019-01-18
သီးခြားလွတ်လပ်တဲ့နိုင်ငံဆိုတာနဲ့ ကွန်ဖယ်ဒရေးရှင်းဆိုတဲ့ အယူအဆတွေကို တိုင်းရင်းသားတွေ ထုတ်ဖော်ပြောဆိုလာတာဟာ ဖိနှိပ်ခံရမှုတွေကနေ ထွက်ပေါက်မရှိတော့သလို ဖြစ်လာတဲ့အတွက်လို့ ဒီမိုကရေစီခေါင်းဆောင်တွေက သုံးသပ်ကြပါတယ်။
2019-01-18
၂ဝ၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဖိနှိပ်မှုတွေ ပိုပြင်းထန်လာခဲ့တယ်လို့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြီးခဲ့တဲ့ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2019-01-18
တရုတ်နိုင်ငံမှာ ကြံခုတ်လုပ်ငန်း လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၄၄ ယောက်ကို အလုပ်ရှင်က အစာရေစာမပေးဘဲ ဖြတ်တောက်ထားတဲ့အတွက် အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။
2019-01-18
မန္တလေး ရတနာပုံတက္ကသိုလ်မှာ သတင်းမီဒီယာတွေ လွတ်လပ်စွာသတင်းရယူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဖြစ်ပွားခဲ့တဲ့ပြဿနာကို သတင်းမီဒီယာကောင်စီထံ တိုင်ကြားလာခဲ့တာကြောင့် စုံစမ်းစစ်ဆေးဖို့ ဒီလဆန်းပိုင်း ကော်မတီတစ်ရပ် ဖွဲ့စည်းပေးခဲ့ပါတယ်။
2019-01-17
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး တရုတ်ဘက်က ပြန်လည်ဖိအားပေးလာချိန်မှာ အစိုးရဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိဘဲ နှုတ်ဆိတ်နေတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။
2019-01-16
ရခိုင်ပြည်နယ်မြောက်ပိုင်းက မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အနွေးထည်နဲ့ စောင်တွေ လိုအပ်နေတယ်လို့ ရသေ့တောင် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက ပြောပါတယ်။
2019-01-16
ရခိုင်ပြည်နယ်အတွင်းမှာ အစိုးရတပ်တွေနဲ့ ရက္ခိုင့်တပ်မတော် (AA) အကြား တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ အတွက် စာသင်ကျောင်း အတော်များများ ပိတ်ထားရပါတယ်။ အတန်းတင်စာမေးပွဲတွေ နီးကပ်လာနေပေမယ့် ဘူးသီးတောင်မြို့နယ်အတွင်းမှာ စာလုံးဝမသင်နိုင်တဲ့ ကလေးတွေ ရာနဲ့ချီပြီး ရှိနေတယ်လို့ ပြည်နယ် ပညာရေးမှူးရုံးက ပြောပါတယ်။
2019-01-16
လွှတ်တော်နဲ့အစိုးရကို အယုံအကြည်မရှိလို့ဆိုပြီး ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ နုတ်ထွက်စာတင်ထားတာ ငါးလကျော်ကြာတဲ့အထိ တိုင်းလွှတ်တော် တာဝန်ရှိသူတွေဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိခဲ့ပါဘူး။
2019-01-16
တနင်္သာရီတိုင်းကမ်းရိုးတန်းက ကမ်းနီးငါးဖမ်းလုပ်ကွက်တွေမှာ ကမ်းဝေးငါးဖမ်းလှေတွေ ဥပဒေမဲ့ ဝင်ရောက် ငါးဖမ်းနေတာကို တိုင်ကြားပေမယ့် အာဏာပိုင်တွေဘက်က အရေးယူတာ မရှိသလောက်ဖြစ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။
2019-01-16
ဧရာဝတီတိုင်း ဇလွန်မြို့နယ်နဲ့ မန္တလေးတိုင်း မြင်းခြံမြို့နယ်တွေထဲက ပြောင်းစိုက်ခင်းဧက ၁၃ဝဝဝ ကျော်မှာ ဖျက်ဆီးအားကောင်းတဲ့ ငမြောင်တောင်ဖျက်ပိုး (Fall Army Worm) မျိုးစိတ်အသစ်တစ်မျိုး ကျရောက်နေတဲ့ အတွက် ဒီပိုးကိုနှိမ်နှင်းဖို့ ပြောင်းစိုက်တောင်သူတွေ ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။