သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-12
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်းက ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းရှိတဲ့ ဖေါင်ကြီး ၊ ရဲမွန်ရွာသစ်နဲ့ ရဲမွန်တပ်မြို့တွေမှာ ရွေးကောက် ပွဲအောင်နိုင်ရေး ဟောပြောပွဲတွေ ကျင်းပခဲ့ပါတယ်။
2015-10-11
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ဦးစေတီအနီးက အားကစားကွင်းမှာ ပြည်ခိုင်ဖြိုးပါတီက မဲဆွယ်ပွဲပြုလုပ်ခဲ့ပါတယ်။
2015-10-11
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် က မြောင်းတကာကျေးရွာ မှာ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲကျင်းပခဲ့ပါတယ်။
2015-10-11
လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု ၇ လပြည့်အခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗကသ က ရန်ကုန်မြို့ ကုန်သည်လမ်းက ဖန်တီးရာရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။
2015-10-09
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၄ ယောက်ဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့က အဝေရာမီးပုံးပျံကွင်း မှာ ဒီနေ့ မဲဆွယ်စည်းရုံး ဟောပြောကြပါတယ်။
2015-10-07
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေက မဲရုံတွေမှာ တာဝန်ထမ်းဆောင်မယ့် မဲရုံမှူးနဲ့ မဲရုံဝန်ထမ်းတွေ လိုက်နာဆောင်ရွက် ရမှာတွေကို သင်တန်းပို့ချခဲ့ပါတယ်။
2015-10-07
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦး ဟာ မနေ့က တနင်္သာရီမြို့နယ် ပဝကျေးရွာမှာ မဲဆွယ်စည်းရုံးဟောပြောခဲ့ပါတယ်။
2015-10-07
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲ ကျင်းပတဲ့ ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ရန်ကုန်မြို့ ၃၂ လမ်းမှာ ကျင်းပခဲ့ပါတယ်။
2015-10-07
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ် မိုးမောက်မြို့နယ် ခါနန်ရပ်ကွက် က လောကမာရဇိန်ဘုရားဝင်းမှာ ဒီနေ့ မဲဆွယ်စည်းရုံး ရေးအတွက် ဟောပြောခဲ့ပါတယ်။
2015-10-07
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့နယ်က ဒေသခံတွေဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သိရှိမှု အားနည်းနေတာအပြင် ဒေသခံအုပ်ချုပ်ရေးအဖွဲ့တွေက ခြိမ်းခြောက် ဖိအားပေးပြောဆိုမှုတွေကြောင့် ကိုယ်စားလှယ်လောင်းတွေ သွားရောက် မဲဆွယ်စည်းရုံးရာမှာ ကျေးရွာသားတွေက လက်မခံကြဘူးလို့ သိရပါတယ်။
2015-10-05
ကချင်ပြည်နယ်ကို မဲဆွယ်စည်းရုံးခရီးစဉ်နဲ့ ရောက် ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မိုးညှင်း မြို့နဲ့ အင်းတော်ကြီးဒေသ နန့်မွန်ကျေးရွာက လူထု ကို မဲဆွယ်စည်းရုံးဟောပြောခဲ့ပါတယ်။
2015-10-05
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဥပဒေ ၄ ခုအောင်မြင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒီကနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏအမျိုးသား အားကစားရုံမှာ ကျင်းပခဲ့ပါတယ်။
2015-10-03
မြန်မာနိုင်ငံအနှံ့မှာမဲစာရင်းတွေ အမှားမှားအယွင်း ယွင်းဖြစ်နေတာနဲ့ ပတ်သက်လို့ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက ဒါဟာ စစ်ပညာအရ ပြိုင်ဘက်ကိုအလုပ်ရှုပ်အောင်လုပ် ထားပြီး ကိုယ့်အတွက် ပြင်ဆင်ချိန်ယူတဲ့ နည်းဆို တာရှိတယ်လို့ ထောက်ပြပါတယ်။
2015-10-02
၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာ နိုင်ငံတဝှမ်း မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်ပေါင်း ၃၃.၅ သန်းနီးပါးရှိပြီး မဲဆန္ဒရှင် အမှားအယွင်းစာရင်းကတော့ ပြုစုဆဲဖြစ်တာမို့ လတ်တလောမှာ မသိနိုင်သေးဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူကပြောပါတယ်၊ ဒီအကြောင်း မသင်းသီရိက ဆက်ပြောပြမှာပါ။
2015-10-02
မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု ပျက်ပြားခြင်းရဲ့ နောက်ဆက်တွဲပြဿနာအဖြစ် ဒုစရိုက်မှုတွေ များပြားလာနေပြီး ပြည်သူလူထုကြားမှာ လုံခြုံမှုမရှိတဲ့ အခြေအနေတွေကို ကြုံနေကြရပါတယ်။