ဟိုပန်မြို့နယ်မှာ မဲဆွယ်စည်းရုံးမှုကို ဒေသခံတွေလက်မခံ
2015.10.07
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့နယ်က ဒေသခံတွေဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သိရှိမှု အားနည်းနေတာအပြင် ဒေသခံအုပ်ချုပ်ရေးအဖွဲ့တွေက ခြိမ်းခြောက် ဖိအားပေးပြောဆိုမှုတွေကြောင့် ကိုယ်စားလှယ်လောင်းတွေ သွားရောက် မဲဆွယ်စည်းရုံးရာမှာ ကျေးရွာသားတွေက လက်မခံကြဘူးလို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကံသာ က ပေးပို့ထားပြီး မရွှေရည်မဉ္ဇူ က တင်ပြထားပါတယ်။