သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-01
နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အဝေးသင်တက္ကသိုလ်တွေ စတင်ဖွင့်တော့မှာဖြစ်တာကြောင့် မိမိအရပ်ဒေသမှာ မဲဆန္ဒပေးခွင့်ရှိမယ့် ကျောင်းသူ၊ ကျောင်းသားတွေဟာ စစ်တွေမြို့ကို ကြိုတင်ရောက်ရှိနေကြပြီဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေရဲ့ မဲပေးပိုင်ခွင့် ဆုံးရှုံးတော့မှာ ဖြစ်ပါတယ်။
2015-10-29
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က မျိုးစောင့် ဥပဒေ ၄ ရပ် ထောက်ခံကြိုဆိုပွဲ ကျင်းပခဲ့ပါတယ်။
2015-10-29
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ရှမ်းပြည်မြောက်ပိုင်းက မိုင်းရှုး၊ ကျေးသီး၊ ဟိုပန်နဲ့ တန့်ယန်းမြို့နယ်တွေက မဲဆန္ဒနယ်မြေတွေကို ရွေးကောက်ပွဲ မကျင်းပတော့ဘူးဆိုပြီး ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2015-10-29
ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအတော်များများရဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေလည်း အတော်များများ ပါဝင်ကြပါတယ်။
2015-10-28
ကရင်ပြည်နယ်က ကျေးရွာတိုင်းလိုလိုမှာ ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်နေကြသူတွေ များပါတယ်။
2015-10-28
နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးတဲ့ အခြေအနေတွေ၊ အပြီးသတ်မဲပေးခွင့်ရှိသူ စာရင်းတွေ ထုတ်ပြန်ကြေညာမှာတို့နဲ့ ပတ်သက်ပြီး ကော်မရှင် တာဝန်ရှိသူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2015-10-27
မွန်ပြည်နယ် မုဒုံမြို့နယ်ကနေ ရွေးကောက်ပွဲဝင် မယ့် ပြည်ခိုင်ဖြိုးပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ကိုယ်စားလှယ်လောင်းတွေဟာ မုဒုံမြို့နယ်အတွင်းက ကျေးရွာတွေမှာ ရွေးကောက် ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးခဲ့ကြ ပါတယ်။
2015-10-27
ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖော်နေတဲ့ ကုလားတန်မြစ်ကြောင်း စီမံကိန်းရဲ့ နောက်ဆုံးအခြေအနေတွေကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တာဝန်ရှိသူတွေက စစ်တွေမြို့မှာ ဒေသခံတွေကို ရှင်းပြခဲ့ပါတယ်။
2015-10-27
"ဝ" ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် ထိန်းချုပ်နယ်မြေ ပန်ဆန်းမှာ နိုဝင်ဘာလ (၁) ရက်နေ့ကနေ (၃) ရက်နေ့ထိ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ (NCA) လက်မှတ်မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့တို့ အစည်းဝေးကျင်းပမှာဖြစ်ပါတယ်။
2015-10-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့မဲဆန္ဒနယ်မြေ ဖြစ်တဲ့ ရန်ကုန် တိုင်း ကော့မှူးမြို့နယ်က ကျေးရွာတွေမှာ အောက်တိုဘာလ ၂၅ ရက်နေ့ တနင်္ဂနွေနေ့က မဲဆွယ်စည်းရုံးရေးဆင်းခဲ့ ပါတယ်။
2015-10-26
လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ဟာ သူဝင်ရောက်ယှဉ်ပြိုင်မယ့် ဖြူးမြို့နယ် ပေါက်ဇ လုပ်ကျေးရွာမှာ မဲဆွယ်စည်းရုံး ဟောပြောခဲ့ ပါတယ်။
2015-10-25
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မှာ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ၆ ဦးနဲ့ ပါတီဝင်တွေ တွေ့ဆုံ ပွဲကို မြိတ်မြို့ မြိတ်တောင်ကျေးရွာ ဘောလုံးကွင်းမှာ ကျင်းပခဲ့ပါတယ်။ တနင်္သာရီတိုင်းမှာ လျှပ်စစ်မီး ရအောင် ပြည်ခိုင်ဖြိုးပါတီက ဆောင်ရွက်ပေးနေတယ် လို့ပြောပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-10-25
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သူ့ရဲ့မဲဆန္ဒနယ်မြေဖြစ်တဲ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲတွေကို စတင်ကျင်းပနေပြီဖြစ်ပါတယ်။ မနက်ပိုင်းက ကော့မှူးနဲ့ တွံတေးမြို့ လမ်းခွဲ ကန်ဘဲ့လမ်းခွဲမှာ ဟောပြောခဲ့ပြီး ကော့မှူးမြို့နယ် မှော်တောကျေးရွာမှာလည်း ဟောပြောခဲ့ပါတယ်။
2015-10-24
အစိုးရ စစ်တပ်နဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP/SSA အဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်နေတဲ့ မိုင်းရှုးမြို့နယ်၊ ကျေးသီးမြို့နယ်နဲ့ တန့်ယန်းမြို့ နယ်တွေမှာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပ မယ့် ရွေးကောက်ပွဲကို ခေတ္တယာယီရပ်ဆိုင်းပေးဖို့ ကျားဖြူပါတီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကို တင်ပြထားတာနဲ့ ပတ်သက်လို့ မသင်းသီရိက ဆက်ပြောပြမှာပါ။
2015-10-23
ရှမ်းပြည်တပ်မတော် SSPP/SSA ရဲ့ ဌာနချုပ် ရှိတဲ့ ဝမ်ဟိုင်းနဲ့ ၆ မိုင်ကျော်အကွာမှာ ဒီကနေ့မနက်က အစိုးရ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ SSPP/SSAအဖွဲ့က ဗိုလ်မှူးကြီး စိုင်းလကပြော ပါတယ်။