ကျောက်ဖြူမြို့နယ်က မျိုးစောင့် ဥပဒေကြိုဆိုပွဲ ဒေသခံတွေ ဝေဖန်
2015.10.29
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က မျိုးစောင့်ဥပဒေ ၄ ရပ် ထောက်ခံကြိုဆိုပွဲ ကျင်းပခဲ့ပါတယ်။
အဲ့ဒီ အခမ်းအနားမှာ ဆရာတော်တချို့ရဲ့ သြဝါဒစကားတွေကြောင့် မျိုးစောင့်ဥပဒေအောင်ပွဲ အခမ်းအနားမဟုတ်ပဲ မဲဆွယ်စည်းရုံးပွဲလိုဖြစ်နေတယ်လို့ ကျောက်ဖြူမြို့ ဒေသခံတွေက ဝေဖန်နေကြပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။