ရိုက်တာသတင်းဌာန သတင်းထောက်နှစ်ဦး အဖမ်းခံရတဲ့အပေါ် သုံးသပ်ချက်များ
2017.12.16
ရခိုင်ပြည်နယ်အတွင်း အခြေအနေတွေနဲ့ပတ်သက်ပြီး သတင်းရယူဖို့ကြိုးစားခဲ့တဲ့ ရိုက်တာသတင်းဌာနမှ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုသက်ဦးမောင် (ခေါ်) ဝလုံး နဲ့ ကိုကျော်စိုးဦးတို့ကို အစိုးရလုံခြုံရေးအက်ဥပဒေနဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်းထောက်၂ ဦး ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် စိုးရိမ်မှုတွေရှိလာနေသလို သူတို့ကိုစွဲဆိုတဲ့ ပုဒ်မဟာလဲ သိပ်ပြင်းထန်လွန်းတယ် ဆိုတဲ့ ဝေဖန်မှုတွေကိုလဲ တွေ့ရပါတယ်။
RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။