စာရင်းမစစ်နိုင်တဲ့ ပြည်သူပိုင် ဘက်ဂျက်ငွေတွေ ဘယ်ရောက် သွားသလဲ
2015.07.15
မြန်မာနိုင်ငံမှာ အစိုးရဝန်ကြီးဌာနအသီးသီးက ခေါင်းစဉ်အမျိုးမျိုးပြပြီး ဘတ်ဂျက် အသုံးစရိတ်တွေ သုံးစွဲနေကြတာကို ၅၇ ရာခိုင်နှုန်းအထိဘဲ စစ်ဆေးနိုင်သေး တယ်လို့ ပြည်သူ့လွှတ်တော် ငွေစာရင်းပူးပေါင်း ကော်မတီအတွင်းရေးမှူး ဦးမောင်တိုးက မနေ့က ပြည်ထောင်စုလွှတ်တော်မှာ တင်ပြသွားခဲ့ပါတယ်။
ကော်မတီရဲ့တင်ပြချက်အရ ဘက်ဂျက်၄၀ ရာခိုင်နှုန်းကျော်ကို စာရင်းမစစ်နိုင်တဲ့ အတွက် ကျပ်ငွေထရီလီယံနဲ့ ချီတဲ့ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ငွေကြေးတွေကို ဘယ်လို သုံးစွဲနေသလဲ၊ ပြည်သူတွေရဲ့ ချွေးနဲစာအခွန်ဘဏ္ဍာငွေတွေ ဘယ်လောက်ထိ လေလွှင့်ယိုဖိတ်နေသလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။