ပုဒ်မ ၃၉၆ ရှိသင့်၊ မရှိသင့် အပေါ် အမြင်များ
2015.07.03
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ (ခ) မှာ မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းရဲ့ သဘောထားနဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ကိုယ်စားလှယ်အဖြစ်က ပြန်လည်ရုပ်သိမ်းပေးဖို့ ကော်မရှင်ထံ တင်ပြနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အခု ပြည်ထောင်စုလွှတ်တော်မှာ တင်ထားတဲ့ မူကြမ်းမှာတော့ အဲဒီပုဒ်မကို ပယ်ဖျက်ထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်လည်ရုပ်သိမ်းခွင့်ဆိုင်ရာ ပုဒ်မ ၃၉၆ ရှိသင့်၊ မရှိသင့် အပေါ် လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။