ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ကလေး နှစ်ဦးကိစ္စ ကော်မရှင် ရှင်းပြ
2016.09.22
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် အင်းဝအပ်ချုပ်ဆိုင်မှာ အိမ်အကူ လုပ်ကိုင်နေတဲ့ မိန်းကလေး ၂ ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အိမ်ရှင်တွေကို နစ်နာသူတွေ ထံ လျော်ကြေးငွေပေးပြီး ကျေအေးစေဖို့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ဆောင်ချက်ကို ဥပဒေပညာရှင် နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။ ကော်မရှင်က ဒီကိစ္စဟာ နှစ်ဖက် ညှိနှိုင်းပြီး သူတို့ဘာသာဆုံးဖြတ်ခဲ့တာလို့ ဒီကနေ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ငြင်းလိုက်ပါတယ်။ RFA သတင်းထောက် မဝေယံမိုးမြင့် က တင်ပြထားပါတယ်။