တစ်လအတွင်း မြန်မာအလုပ်သမား ငါးထောင်နီးပါး ထိုင်းမှာ ဖမ်းဆီးခံရ

ဖမ်းဆီးခံရသူတွေဟာ မော်လမြိုင်၊ ရန်ကုန်၊ ရခိုင်၊ ပဲခူးတိုင်းဒေသကြီးတွေကလာကြတာ ဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်၊ ရနောင်း၊ ကန်ချနဘူရီ၊ စမွတ်ဆာခွန်တို့မှာ အလုပ်ရဖို့ လူပွဲစားကို ဘတ်ငွေ ၁၅၀၀၀ ကနေ ၃၀၀၀၀ အထိ ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်လက ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ၊ မြဝတီမြို့ကို ပြန်လာကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို မြင့်တွေရစဉ် Photo-AFP

ထိုင်း-မြန်မာနယ်စပ်ကနေ တရားမဝင် ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၅၀ ကျော်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ၃ ရက်အတွင်း တရားမဝင်ဝင်ရောက်မှုနဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဖေဖော်ဝါရီလအတွင်းဆိုရင် မြန်မာနိုင်ငံသား ငါးထောင်ခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မော်လမြိုင်၊ ရန်ကုန်၊ ရခိုင်၊ ပဲခူးတိုင်းဒေသကြီးတွေကလာကြတာ ဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်၊ ရနောင်း၊ ကန်ချနဘူရီ၊ စမွတ်ဆာခွန်တို့မှာ အလုပ်ရဖို့ လူပွဲစားကို ဘတ်ငွေ ၁၅၀၀၀ ကနေ ၃၀၀၀၀ အထိ ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၆ နေ့မှာတာခ်ခရိုင်၊ ထာ့ဆောင်ယန်မြို့နယ်နဲ့ ဝမ်ကျောက်မြို့နယ်ထဲ မြန်မာရွှေ့ပြောင်း အလုပ်သမား ၅၁ ဦး၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ပရာကျွတ်ခရီခန်ခရိုင်ထဲ ၁၉၆ ဦး၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ပရာကျွတ်ခရီခန်ခရိုင်နဲ့ ကန်ချနဘူရီခရိုင်မှာ ၁၄၃ ဦးတို့ကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“ သုံးရက်အတွင်း ၄၆၀ နီးပါး လောက်ဖြစ်သွားပြီ။ ဒီဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ ဆိုရင် ငါးထောင်လောက် အဖမ်းခံရတာ။ ပြီးတော့ လူမှောင်ခိုပွဲစား ၂၇ ယောက်အဖမ်းခံရတယ်”

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း ကန်ချနဘူရီခရိုင်အတွင်း လူမှောင်ခို တစ်ဦးနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၆၉ ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ထုတ် ဘန်ကောက်ပိုစ့် သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ မြင့်တက်လာနေတာကြောင့် ရောဂါကူးစက်မှု တားဆီးနိုင်ဖို့၊ လူမှောင်ခိုတွေနဲ့တရားမဝင် ဝင်ရောက်လာသူတွေကို တားဆီးနိုင်ဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ က ထိုင်းပြည်ထဲရေးဝန်ကြီးက ပြည်နယ် ၇၇ ခု က အုပ်ချုပ်ရေးမှူးတွေကို အချက် ၃ ချက်နဲ့ ညွှန်ကြားထားပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မော်လမြိုင်၊ ရန်ကုန်၊ ရခိုင်၊ ပဲခူးတိုင်းဒေသကြီးတွေကလာကြတာ ဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်၊ ရနောင်း၊ ကန်ချနဘူရီ၊ စမွတ်ဆာခွန်တို့မှာ အလုပ်ရဖို့ လူပွဲစားကို ဘတ်ငွေ ၁၅၀၀၀ ကနေ ၃၀၀၀၀ အထိ ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ မြင့်တက်လာနေတာကြောင့် ရောဂါကူးစက်မှု တားဆီးနိုင်ဖို့၊ လူမှောင်ခိုတွေနဲ့တရားမဝင် ဝင်ရောက်လာသူတွေကို တားဆီးနိုင်ဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ က ထိုင်းပြည်ထဲရေးဝန်ကြီးက ပြည်နယ် ၇၇ ခု က အုပ်ချုပ်ရေးမှူးတွေကို အချက် ၃ ချက်နဲ့ ညွှန်ကြားထားပါတယ်။

နယ်စပ်ဒေသမှာရှိတဲ့ ကင်းလှည့်လုပ်ငန်းတွေ ပိုမိုလုပ်ဆောင်ဖို့၊ ရပ်ရွာတွေမှာလူဝင်လူထွက် စစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်ဖို့နဲ့ လူကုန်ကူးတားဆီးနိုင်ဖို့ လူမှောင်ခိုတွေနဲ့ တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးနိုင်ဖို့စတဲ့ အထူးညွန်ကြားချက် ၃ ချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ တရားဝင် နယ်စပ်ဂိတ်တွေ မဖွင့်မချင်းတော့ တရားမဝင်ဝင်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ရှိနေဦးမှာ ဖြစ်တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

“လူပွဲစားတွေနဲ့ ဆက်နွယ်နေတဲ့ အကျင့်ပျက်ဝန်ထမ်းတွေကို ထိထိရောက်ရောက်အရေးယူဖို့ စတဲ့ အချက်တွေကို ညွန်ကြားထားတယ်။ ဒါပေမဲ့ ခိုးဝင်မြဲ၊ ခိုးဝင်နေတယ်ဆိုတာ နှစ်နိုင်ငံပူးတွဲဖော်ဆောင်ရမယ့် တရားဝင်လမ်းကြောင်း မပေါ်ပေါက်သေးသ၍တော့ တရားမဝင် ဝင်ရောက်မှုတွေက ကျဆင်းလိမ့်မယ်လို့ မထင်ဘူး”

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာလည်း အထောက်အထားမဲ့ တရားမဝင် ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား လေးထောင်ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း နယ်စပ်ကနေ တရားမဝင် ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ခြောက်သောင်းကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org