လက်ပံတောင်း ကြေးနီစီမံကိန်း တိတိကျကျအဖြေရှာဖို့ လိုနေပြီ
2014.12.28
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက် ပြီး ပေါ်ပေါက်နေတဲ့ ပြဿနာတွေကြောင့် ဒေသခံတွေ နစ်နာနေတဲ့အတွက် အမြန်ဆုံး တိတိကျကျ အဖြေရှာဖြေရှင်းဖို့ လိုနေပြီဆိုတဲ့ သုံးသပ်ချက်တွေ ကို မသင်းသီရိက တင်ပြမှာပါ။
ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာဝန်းအတွင်းမှာ ဖြစ်ခဲ့တဲ့ပဋိပက္ခ မှာ သေဆုံးမှုနဲ့အတူ ဒဏ်ရာရမှုတွေဖြစ်ခဲ့ပါတယ်၊ လက်ပံတောင်းတောင် ပြဿနာဟာ ၂ဝ၁ဝ ကတည်းကစခဲ့ တာဖြစ်ပြီးတော့ အစိုးရဘက်က သေဆုံးမှုတွေဟာမဖြစ်သင့်ဘူး၊ အမှုမှန်ကိုဖော်ထုတ်မယ်လို့ ပြောနေတာ ထက် ပြဿနာကိုဘယ်လို အပြီးသတ်သွားအောင် ဆွေးနွေးကြမလဲဆိုတာက ပိုပြီးတော့အရေးကြီးနေပြီလို့ SNLD ပါတီရဲ့အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန်လွင်က သုံးသပ်ပါတယ်။
ဦးစိုင်းညွန်လွင်။ ။ဒီလက်ပံတောင်းတောင်နဲ့ ပတ်သက်လို့ကတော့ သေသေချာချာ တိတိကျကျ နဲ့ ဖြေရှင်းသင့်ပြီလို့ထင်တယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ ကြာလည်းကြာ သွားပြီဗျ၊ ပြဿနာပြီးကိုမပြီးနိုင် ဘူးဖြစ်နေတယ်၊ သေချုာအဖြေရှာပြီးတော့ ဒါလုပ်သင့်ပြီလို့ထင်ပါတယ်၊ လျော်ကြေးမယူတာတို့ဆိုတာ ညှိနှိုင်းလို့ရမှပါ၊ ဒီလုပ်ငန်းကြီးက နည်းတဲ့လုပ်ငန်းကြီးမှ မဟုတ်တဲ့ဟာ၊ ဒေါ်လာ သန်းပေါင်းများစွာတန်တဲ့ လုပ်ငန်းကြီးပဲ၊ တောင်သူလယ်သမားတွေကို ဒုက္ခ လာပေးသလိုဖြစ်နေတယ်၊ ရှင်းနိုင်ရမယ်လို့ ကျနော်ထင်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ်လေ နိုင်ငံတော်ကဖြစ်ဖြစ် တစ်နေရာဖြစ်ဖြစ်ပေါ့နော် အဖွဲ့တစ်ဖွဲ့ဖြစ်ဖြစ် ဝင်ပြီးတော့ရှင်းသင့်ပြီ လို့ ကျနော်ထင်တယ်။
ဒါ့အပြင်လည်း နိုင်ငံခြားကုမ္ပဏီတစ်ခုအတွက် နိုင်ငံသားတစ်ဦးရဲ့အသက်ကို အဆုံးရှုံးခံလိုက်ရတာ ဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်နေသ လိုဖြစ်တယ်လို့ သူမြင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းကလည်း သုံးသပ်ပါတယ်။
ဒေါ်ညိုညိုသင်း။ ။ဘာကြောင့်လည်းဆိုတော့ ကျမတို့နိုင်ငံထဲမှာ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာပေါ့နော်၊ နိုင်ငံခြားသားတွေက လုံခြုံရေး တာဝန်ကို ထမ်းဆောင်နေတယ်ဆိုတာကတော့ မဖြစ်သင့်မဖြစ် ထိုက်တဲ့ ကိစ္စပေါ့နော်၊ အဲ့လိုနိုင်ငံခြားသားတွေ လုံခြုံရေးတာဝန်ယူထမ်းဆောင်နေကြရင် ကျမ တို့ပြည် သူပြည်သားတွေရဲ့ အသက်အန္တရာယ် ထိပါးတဲ့အထိဖြစ်လာတယ်ဆိုတာက ဒါကျမတို့ရဲ့ အချုပ်အခြာအာဏာကို ထိပါးတာပဲလေ၊ ဒါကြောင်မို့လို့ ကျမ တို့ ဒါကိုပေါ့သေးသေးကိစ္စတစ်ခုအနေနဲ့ သက်မှတ်လို့မရဘူးပေါ့နော်၊ သာမန်လူ သေဆုံးမှုကိစ္စမဟုတ်ပါဘူး၊ အချုပ်အခြာအာဏာကို ထိပါးခြင်းကိစ္စဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ သက် ဆိုင်ရာပုဂ္ဂိုလ်များအနေနဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်များအနေနဲ့ ဒီကိစ္စအပေါ်အဖြစ်မှန်ပေါ်ပေါက်ရေး အတွက်ကို အမြန် ဆုံးပေါ့နော် လေ့လာ ပြီးတော့ပေါ့နော် ဖော်ထုတ်သင့်တယ်။
အခုဆိုရင် လျော်ကြးမယူထားတဲ့ဒေသခံတွေက ဒီစီမံကိန်းကြီး ရပ်တန့်ပေးဖို့အတွက်ဆိုပြီးတော့ တောင်းဆိုနေ ပါတယ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းကတော့ အစိုးရကရော လွှတ်တော် ကပါ ပြည်သူ့အသံကို နားထောင်ဖို့လိုမယ်လို့ဆိုပါတယ်။
ဒေါ်ညိုညိုသင်း။ ။လွှတ်တော်ကလည်း ပြည်သူ့အသံ လွှတ်တော်အသံလို့ ပြောတယ်ပေါ့နော်၊ အစိုး ရကလည်း ကျနော်တို့ဟာ အများပြည်သူ က ရွေးကောက်ထားတဲ့ ဒီမိုကရေစီအစိုးရဖြစ်ပါတယ်လို့ ပြောနေတာ ဆိုတော့ ပြည်သူလူထုရဲ့ဆန္ဒအတိုင်းကို မဖြစ်မနေနားထောင်ပြီးတော့ လိုက်နာပေးဖို့ တာဝန်ရှိတာပေါ့နော်၊ ဒါကြောင်မို့လို့ပေါ့နော် ဒီမံကိန်းရပ်စဲဖို့အတွက်ကို ဒီဒေသခံတွေတင်မကဘူး တစ်နိုင်ငံလုံးကပြည်သူလူထုက လိုလားနေတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒီစီမံကိန်းကို ချွင်းချက်မရှိပေါ့နော် ရုတ်သိမ်းသင့်ပါတယ်လို့ ကျမက ခံယူထားပါတယ်။
ဒါပေမယ့် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကတော့ ဒီစီမံကိန်းကြီးရပ်တန့်ဖို့အတွက် အလားအလာ မမြင်ဘူးလို့ ပြောပါတယ်။
ဒေါ်ခင်စန်းလှိုင်။ ။ဒီမံကိန်းရပ်တန့်ဖို့ဆိုတာကလည်း ဖြစ်လာနိုင်စရာအလားအလာ မရှိဘူးလို့ပဲ ကျမတို့ကပြောရမယ်၊ ဘာကြောင့်လဲဆိုတော့ အဓိကအနေနဲ့ကလေ ကျမတို့ဒီကိုပြောင်းလာတာ ၂ဝ၁ဝ ကတည်း ကပြောင်းလာတာ အခု ၂ဝ၁၄ အထိပဲရောက်နေပြီ၊ ဒါပေမယ့် ကျမတို့ ဒီဘက်ကတောင်း ဆိုတယ်၊ ဒေသ ခံတွေဖြစ်ချင်တယ်ပေါ့နော် စီမံကိန်းကြီးရပ်ဆိုင်းဖို့ဆိုတဲ့ အခြေအနေကမဖြစ်ပဲနဲ့ တဖြည်းဖြည်းနဲ့ဒေသခံတွေ အမျိုးမျိုးဒုက္ခတွေရောက်တယ် အခါကျတော့ လယ်သိမ်းမြေသိမ်းတွေဖြစ်ပြီး နောက်ဆုံးအဆင့်တော့ လူကိုသေ နတ်နဲ့ပစ်ခတ်ပြီး နှိမ်နှင်းတဲ့အဆင့်မျိုးထိအောင် ကိုယ့်ဘက်ကတော့ ကြိုးစား လာကြ တယ်ပေါ့လေ၊ ဆောင် ရွက်လာကြတယ်ဆိုတဲ့ အနေအထားတစ်ခုအနေနဲ့ကတော့ ကြည့်ရတဲ့အနေအထားကတော့ သူတို့အနေနဲ့ ဘယ် လိုမှတော့ နောက်ဆုတ်မှာ မဟုတ်တော့ဘူးဆိုတာတော့ မြင်သာနေတာပေါ့လေ။
ဒါ့အပြင်လည်း စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ကဖွဲ့စည်းထားတဲ့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာဟာ နှစ်ပတ် အတွင်းထွက်လာမယ်လို့ ပြောထားပြီးတော့ ဒီအစီရင် ခံစာပေါ်မှာ မူတည်ပြီးတော့ ဇန်နဝါရီလထဲမှာပြန်စမယ့် လွှတ်တော်ထဲမှာ လက်ပံတောင်းတောင်နဲ့ ပတ်သက်ပြီးတော့ အရေးကြီးအဆိုကိုတင်သွင်းသွားမယ် လို့လည်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
ဒေါ်ခင်စန်းလှိုင်။ ။အဲ့ဒီတော့ တကယ်လို့ဆောင်ရွက်ချက် ဆောင်ရွက်ချက်တွေက ပြည်သူလူထု ရဲ့အပေါ်မှာပေ့ါနော်၊ ဒါတရားမျှတမှုမရှိ ဘူး နောက်တစ်ခုက ဆောင်ရွက်ချက်တွေ ကလည်း ပြည်သူ လူထု ကျေနပ်လောက်အောင်မရှိဘူးဆိုတဲ့ အတိုင်းအတာမျိုးတွေ ပေါ်လာပြီးဆိုလို့ရှိရင်တော့ အရေးကြီးအဆို တစ်ရပ် တင်ရတော့မယ်၊ ဘာကြောင့်တင်ရမလဲဆိုလို့ရှိရင် ကျမတို့က ကော်မရှင်အဖွဲ့ဝင် တစ်ဦးအနေနဲ့ ပဲဖြစ်ဖြစ်ပေါ့၊ ဒီဒေသရဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့ပဲဖြစ်ဖြစ် ဒီစီမံကိန်းကြောင့်မို့လို့ ဒီဒေသ မှာပြည်သူလူထုတွေဟာ ဘယ်လိုထိခိုက်နစ်နာခံစားမှုတွေရှိနေပြီ၊ ဒီစီမံကိန်းကြောင့် ပြည်သူလူထုမှာ အကျိုးစီးပွားတွေမရရှိကြတဲ့ အကြောင်းတွေကိုပေါ့လေ၊ ဒါတွေကို အဓိကထားပြီးတော့ ကျမတော့အရေးကြီး အဆိုပဲဖြစ်ဖြစ် ဒါမှမဟုတ် မေးခွန်းတွေ ပဲဖြစ်ဖြစ် ကျမက တင်သွင်းသွားဖို့ အစီအစဉ်ရှိပါတယ်။