၇ ဇူလိုင်နေ့နဲ့ ပတ်သက်လို့ စုစည်းတင်ပြချက်


2013.07.06

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ဦးနေဝင်းအစိုးရရဲ့ စစ်တပ်ကပစ်လို့ ကျောင်းသားတွေသေဆုံးပြီး နောက်တစ်နေ့မနက်မှာ ကျောင်းသားသမဂ္ဂအဆောက်အဦ ဗုံးခွဲဖြိုချခံလိုက်ရတဲ့ ဇူလိုင် ရ ရက်အရေးအခင်း ၅၁ နှစ်ပြည့်အခမ်းအနားတွေကို ရန်ကုန်-မန္တလေးအပါအဝင် မြို့တချို့မှာကျင်းပဖို့ ကျောင်းသားတွေစီစဉ်နေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အမှုဆောင်တစ်ဦးဖြစ်တဲ့ မန္တလေးမြို့က ကိုအောင်မှိုင်းဆန်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက် ကျောင်းသားတွေ ပထမဆုံးသွေးမြေကျခဲ့ရတဲ့ ၁၉၆၂ခုနှစ် ဇူလိုင်လ ၇ရက်  အရေးအခင်းဟာ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်နဲ့ ကျောင်းသားတွေ ပထမဆုံးအားစမ်းတဲ့ပွဲလို့ သတ်မှတ်ကြပါတယ်။

၅၁ နှစ်ပြည်မြောက်ပြီဖြစ်တဲ့ ဇူလိုင် ၇ ရက် အရေးအခင်းနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်က စုစည်းတင်ပြပါမယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။