ဖားကန့်မှာ တရုတ်နိုင်ငံသားတွေရဲ့ တရားမဝင်ကျောက်စိမ်းရောင်းဝယ်မှု ပိုများလာ
စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ တရားမဝင်ကျောက်စိမ်းတူးဖော်မှုတွေ များလာသလို တရုတ်နိုင်ငံသားတွေ တရားမဝင်လာရောက်ပြီး ကျောက်စိမ်းရောင်းဝယ်ဖောက်ကားမှုတွေလည်း ပိုမိုတွေ့လာရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
- 2022-09-13
-
-
-
စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ တရားမဝင်ကျောက်စိမ်း တူးဖော်မှုတွေ များလာသလို တရုတ်နိုင်ငံသားတွေ တရားမဝင်လာရောက်ပြီး ကျောက်စိမ်း ရောင်းဝယ်ဖောက်ကားမှုတွေလည်း ပိုမိုတွေ့လာရတယ်လို့ ဒေသခံတွေက RFA ကို ပြော ပါတယ်။
တရုတ်နိုင်ငံသားတွေဟာ ဖားကန့်မြို့မှာရှိတဲ့ ကျောက်ဝိုင်းတွေကနေ ကျောက်စိမ်းဝယ် ယူတာတွေ ရှိသလို စွန့်ပစ်မြေစာပုံတွေမှာ ကျောက်ရှာဖွေတဲ့ ရေမဆေးသမားတွေဆီက လည်း ဈေးအဆမတန်နှိမ်ပြီး ဝယ်ယူလုပ်ကိုင်လာကြတာလို့ ဒေသခံ ကျောက်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
"သူတို့ Live လွှင့်ပြီး ဈေးနှိမ်ဝယ်တဲ့ဟာမျိုးဆို ဒီမှာက ကျောက်တွေက ဈေးတွေမရတော့ဘူး"
အဲဒီတရုတ်နိုင်ငံသားတွေဟာ ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် အရောင်းအဝယ် လုပ်ကိုင် ကြတာများတယ်လို့ ဖားကန့် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့က ကားတစ်စီးနဲ့ လာတယ် အဲကားပေါ်မှာ ယောကျာ်းလေးရော မိန်းကလေးရော ပါတယ်၊ live လွှင့်ပြီး ဝယ်ကြတယ်။ သူတို့က စကားပြန်နဲ့ လာတာလေ၊ သူတို့က ဗမာ စကား နားမလည်တဲ့အတွက် စကားပြန်နဲ့လာတယ်၊ တစ်လုံး၊ နှစ်လုံးလောက်ပဲ သူတို့ သင်ရင် သင်လာမှာပေါ့။ တချို့ဟာတွေကျတော့ သူတို့ မပြောတော့ဘူး၊ စကားပြန်က နေတစ်ဆင့် မြန်မာပြည်ဖွား တရုတ်စကားပြန်နဲ့ပေါ့။ တရုတ်နိုင်ငံသားက သိသာပါ တယ် ဘာလို့ဆို ကျနော်တို့လို စကားမပြောနိုင်ဘူးလေ။ နောက်ပြီး သူတို့က တစ်ပတ် လောက်နေရင် အများကြီးမနေပါဘူး ၁၀ ရက်၊ ၁၅ ရက်နေပြီး ပြန်သွားကြတာ”
ကျောက်အရောင်းအဝယ်လာလုပ်တဲ့ တရုတ်နိုင်ငံသားတွေဟာ အစုအဖွဲ့နဲ့ လာရောက်လုပ် ကိုင်ကြတာဖြစ်ပြီး အရေအတွက် အတိအကျကိုတော့ ခန့်မှန်းလို့ မရနိုင်ဘူးလို့လည်း ဒေသ ခံတွေက ပြောပါတယ်။ ဒါပေမဲ့ ကျောက်လာဝယ်သူ ငါးဦးမှာ တစ်ဦးကတော့ တရုတ်နိုင်ငံ သားတွေဖြစ်နေတာကို တွေ့ရတယ်လို့ ပြောကြပါတယ်။
ဖားကန့်ဒေသကို နိုင်ငံခြားသားတွေ သွားလာခွင့်မရှိတဲ့ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ် ထားတာကြောင့် အခုလာရောက်တဲ့ တရုတ်နိုင်ငံသားတွေဟာ တရားမဝင် လာရောက်လုပ် ကိုင်ကြတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အရင်ကလည်း တရုတ်နိုင်ငံသားတွေ အခုလို လာရောက်ပြီး ကျောက်ရောင်းဝယ်သူအချို့ ရှိခဲ့ပေမယ့် အခု စစ်အာဏာသိမ်းပြီးနောက်မှာတော့ အရင်ထက် ပိုမိုတွေ့လာရတယ်လို့ လည်း ပြောကြပါတယ်။
အခုလာရောက်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေက ဈေးအဆမတန်နှိမ်ပြီး ဝယ်ယူလုပ် ကိုင်တာကြောင့် ဒေသတွင်းမှာ ဈေးကွက်ပျက်တဲ့ အခြေအနေအထိ ဖြစ်လာနေတယ်လို့ ဒေသခံ ကျောက်အရောင်းအဝယ်သမား တစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ အဲလိုမျိုး video တွေ Live လွှင့်ပြီးတော့ သူတို့ တရုတ်ပြည်နဲ့ တိုက်ရိုက်အလုပ် လုပ်တဲ့ အခါကျတော့ ဒီမှာရှိနေတဲ့ ဝယ်ရောင်း သမားတွေ၊ ဒေသခံတွေ အတွက်က တော့ စီးပွားရေးက တအားကြီးကို ဆုတ်ယုတ်သွားတာပေါ့၊ ကျောက်ဈေးကွက်ကလည်း ပျက်သွားတာပေါ့ အဲလိုဖြစ်သွားတာ။ သူတို့ Live လွှင့်ပြီး ဈေးနှိမ်ဝယ်တဲ့ဟာမျိုးဆို ဒီမှာက ကျောက်တွေက ဈေးတွေမရတော့ဘူး၊ ကျောက်ဝိုင်းဆိုရင် ကျနော်တို့က ကျောက်တစ်လုံးကို သိန်း ၅၀ တန်ရင် သိန်း ၂၀ ပဲပေးတဲ့ အနေထားဖြစ်သွားတာ”
အခုလို တရားမဝင် လာရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို စစ်ဆေးအရေးယူတာမျိုး တွေ လုပ်စေချင်တယ်လို့လည်း သူက ပြောပါတယ်။
တရုတ်နိုင်ငံသားတွေအနေနဲ့ ဖားကန့်မြို့အထိ တရားမဝင်လာပြီး ကျောက်စိမ်းကို တိုက် ရိုက်ဝယ်ယူတာဟာ အခွန်ရှောင်တဲ့ နည်းလမ်းတစ်ခုဖြစ်တယ်လို့ ဖားကန့်မြို့နယ်က ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက ပြောပါ တယ်။
“ကျောက်စိမ်းကို ဝယ်တာ အဲလို ဝယ်လို့မရဘူး၊ ဒီနိုင်ငံမှာဆိုရင် ဥပမာ သတ်မှတ်ထား တဲ့ နေရာတွေရှိတယ်၊ အထူးသဖြင့် နေပြည်တော် ကျောက်မျက်ပြပွဲဆိုတာ တော်တော် များများ သိကြတယ်။ ဆိုတော့ ဒီနိုင်ငံကထွက်တဲ့ ကျောက်တွေဟာ ဥပဒေကြောင်းအရ ဆိုရင် အဲဒီကို ရောက်ရမယ်၊ အဲဒီမှာမှ ဝယ်ရမယ်ပေါ့။ ဆိုတော့ အဲလို တိုက်ရိုက်ရောင်း ဝယ်ဖို့ဆိုတာ ဥပဒေကြောင်းအရမှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဒါက အားနည်းချက်ကြီး ဖြစ်နေတယ်၊ ယိုပေါက်ကြီး ဖြစ်နေတယ်။ ရသင့်ရထိုက်တဲ့ အခွန်ငွေ မရတော့ တိုင်း ပြည်တိုးတက်ဖို့က သယံဇာတကိုမှီခိုပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာက ဘယ် နည်းနဲ့မှ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်”
ဖားကန့်က ထွက်တဲ့ ကျောက်စိမ်းတွေကို အစိုးရက သတ်မှတ်ထားတဲ့ ကျောက်မျက်ပြပွဲ တွေမှာသာ တရားဝင် ဝယ်ယူခွင့်ရှိတာဖြစ်ပြီး အခြားနည်းလမ်းကိုအသုံးပြုပြီး ပြည်ပကို ကျောက်စိမ်း တရားမဝင် တင်ပို့ရင် ထောင်ဒဏ် ငါးနှစ်ကနေ ဆယ်နှစ်အထိ ကျခံရနိုင် တယ်လို့ ၂၀၁၉ ခုနှစ်က ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြု ပြဌာန်းလိုက်တဲ့ ကျောက်မျက်ဥပဒေမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း ကတော့ တရားမဝင် ဝင်လာတဲ့ တရုတ်နိင်ငံသားတွေကိုလည်း ဖမ်းဆီးအရေးယူပြီး ပြည်နှင်ဒဏ် ပေးတာတွေကို တောက်လျှောက်လုပ်နေတယ်လို့ RFA ကို ပြောပါတယ်။
“ကျနော်တို့က တရားဝင် ကျောက်တူးခွင့်ပိတ်ထားတယ် နောက်တစ်ခုက သူအဲလိုရှိနေ တယ်ဆိုရင် ဒါက တရားမဝင် ခိုးပြီးတော့ဝင်တယ်၊ ခိုးပြီးတော့ သွားဝယ်တယ် ဒါပဲဖြစ် မှာပေါ့။ တကယ်လို့ တရုတ်နိုင်ငံသားတွေ ဝင်သွားလို့ မိရင်တော့ ကျနော်တို့ ဥပဒေတိုင်း အရေးယူတယ်၊ ဖမ်းတယ်၊ တရားစွဲတယ် ပြီးရင် ပြည်နှင်တယ်၊ အဲလိုပဲ ကျနော်တို့ လုပ်ပါတယ်”
လက်ရှိမှာ လူဦးရေဘယ်လောက်ကို အရေးယူထားပါသလဲလို့ RFA က မေးမြန်းရာမှာတော့ လူဝင်မှုကြီးကြပ်ရေးဌာနက အဓိက ကိုင်တွယ်တာကြောင့် အဲဒီစာရင်းဇယားတွေကိုကြည့် ပြီးမှသာ ပြောနိုင်မယ်လို့ ဝန်ကြီး ဦးဝင်းရဲထွန်းက ပြောပါတယ်။
ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ခွင့်ကို NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်ကတည်း ပိတ်ပင်ထားသလို စစ်ကောင်စီကလည်း ဖားကန့်၊ လုံးခင်းနဲ့ မော်လူး၊ မော်ဟန် ရတနာနယ် မြေတွေမှာ ကျောက်စိမ်းတူးဖော်ခွင့်ကို ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကတည်းက ပိတ်ပင်ထား ပါတယ်။
ဒါကြောင့် ခုလို တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့စည်းတွေကနေ ဥပဒေနဲ့ အညီ ထိထိရောက်ရောက် ဆောင်ရွက်စေချင် တယ်လို့ ဖားကန့်မြို့က ဒေသခံ ရေမဆေးသမား တစ်ဦးက ပြောပါတယ်။
“တစ်ခြား တိုင်းတစ်ပါးကနေလာပြီး လုပ်တယ်ဆိုရင် ဘယ်နေရာ၊ ဘယ်ဒေသမှာပဲ မြန်မာနိုင်ငံအတွင်းမှာ လာလာလုပ်လုပ်ပေါ့၊ ဥပဒေ ဘောင်အတွင်းက လာလုပ်တယ် ဆိုရင် ကျနော်တို့ ပြည်သူတွေက အကုန်လုံး ကျေနပ်တာပဲ။ အခုဟာ မတရားတဲ့ နည်းနဲ့လာတယ် နိုင်ငံက အများကြီး ဆုံးရှုံးပြီး နစ်နာနေပြီး ဘယ်လိုပြောမတုန်း တရုတ်လုပ်သမျှပဲ ခံနေရတာဆိုတော့ နိုင်ငံကအကုန်ကို ဂျုံးဂျုံးကျနေတော့တယ်။ ငါတို့ရဲ့ အထဲမှာ ကိုယ့်ကိုကိုယ်ရဲ့ အပေါ်မှာလည်း ဥပဒေရှိတယ်ဆိုတဲ့ ပုံစံမျိုးတွေ နေထိုင်ပြီးရင်တော့ ကျနော်ကတော့ အကုန်လုံး ပြည်သူမှန်သမျှ ဘယ်သူမဆို အဲလိုမျိုးစိတ်ရှိပြီးတော့ လုပ်စေချင်တယ်”
ဖားကန့်မြို့ကို တရားမဝင် ဝင်လာတဲ့ တရုတ်နိုင်ငံသားတွေကို အာဏာပိုင်အဖွဲ့စည်းတွေက ဖမ်းဆီးအရေးယူတာတွေရှိပေမယ့် အဲဒါတွေဟာ ဟန်ပြသက်သက်သာဖြစ်ပြီး ငွေအလုံး အရင်းနဲ့ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေကိုတော့ ဖမ်းဆီးအရေးယူတာ မတွေ့ရဘူးလို့ သူက ဆိုပါတယ်။
Global Witness ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် ကနေ ၂၀၁၇ ခုနှစ် အတွင်း ကျောက်စိမ်း အပါဝင် အခြားကျောက်မျက်ရတနာ ရောင်းဝယ်မှုတွေကနေ နှစ်စဉ် အမေရိကန် ဒေါ်လာ ၃၄၆ သန်း ကနေ ၄၁၇ သန်း အထိသာရရှိခဲ့ပြီး တရားမဝင် ကုန်သွယ် မှုမှာ နှစ်စဉ် ၁.၇၃ ဘီလီယံ ကနေ ၂.၀၇ ဘီလီယံအထိ ရရှိနေတယ်လို့ ဖော်ပြထားပါတယ်။