HUAWEI နဲ့ မြန်မာပြည်လုံခြုံရေး


2019.05.31
huawei-622.jpg တရုတ်နိုင်ငံက ဟွာဝေးကုမ္ပဏီရုံးခန်းတစ်ခုကို တွေ့ရစဉ်
Photo: HECTOR RETAMAL / AFP

5G နည်းပညာအသုံးပြုပြီး တရုတ်အစိုးရကို သတင်းအချက်အလက်တွေ ပေးပို့နေခဲ့တယ်ဆိုပြီး တရုတ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ HUAWEI ကုမ္ပဏီကို အမေရိကန်နိုင်ငံအပါအဝင် အနောက်ဥပရောပနိုင်ငံတွေက ပိတ်ပင်ဒဏ်ခတ်တာတွေပြုလုပ်ခဲ့ပါတယ်။

ဒီလို့နိုင်ငံတကာက ပိတ်ပင်တာတွေရှိပေမယ့် မြန်မာနိုင်ငံကတော ဆက်သွယ်ရေးကဏ္ဍမှာ HUAWEI ကုမ္ပဏီကို မိတ်ဖက်အဖြစ် ဆက်လက်ရွေးချယ်ထားပြီး ပူးပေါင်းလုပ်ကိုင်နေပါတယ်။

RFA သတင်းထောက် ကိုကျော်လွင်ဦးက စုစည်းတင်ပြထားပါတယ်။

■ အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေက ဟွာဝေးကုမ္ပဏီဟာ လုံခြုံရေးနဲ့ပတ်သက်ပြီး အချက်အလက်တွေကို တရုတ်အစိုးရကို ပေးပို့တာတွေရှိတယ်ဆိုပြီး ပြီးခဲ့တဲ့အပတ်က ပိတ်ဆို့တာတွေပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံကတော့ ဟွာဝေးကုမ္ပဏီကို ကြိုဆိုကြောင်း အစိုးရပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက ပြောဆိုခဲ့တဲ့အပြင် မန္တလေးမြို့မှာ လုံခြုံမှုရှိစေဖို့နဲ့ မူးယစ်ဆေးဝါးအပါအဝင် ခိုးဆိုလုယက်မှုတွေ လျောနည်းပပျောက်စေဖို့အတွက် ရည်ရွယ်ပြီးး Safe city စီမံကိန်းအတွက် မြို့နယ် သုံးခုမှာ ဟွာဝေးကုမ္ပဏီဆီကနေ ကင်မရာအပါအဝင် လုံခြုံရေးပစ္စည်းတွေ နည်းပညာတွေဝယ်ယူဖိ့ု ပြင်ဆင်နေတာတွေရှိပါတယ်။

ဒီလိုဟွာဝေးကုမ္ပဏီက လုံခြုံရေးပစ္စည်းတွေ ဝယ်ယူအသုံးပြုဖို့ သတင်းတွေထွက်ပေါ်လာတာကြောင့် မြန်မာနိုင်ငံလုံခြုံရေး ထိခိုက်လာနိုင်မလားဆိုပြီး စိုးရိမ်မှုတွေ၊ ဝေဖန်မှုတွေလည်း ရှိလာပါတယ်။

နည်းပညာအကူညီတွေရယူတဲ့နောက်ကွယ်မှာ တိုင်းပြည်ရဲ့အရေးကြီးတဲ့ သတင်းအချက်တွေ ပေးလိုက်ရတာမျိုးတွေရှိနိုင်တယ်လို့ နည်းပညာကျွမ်းကျင်သူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောပါတယ်။

“အခုဆိုဝေဖန်မှုတွေက အများကြီးပဲ၊ ကုမ္ပဏီတစ်ခုရဲ့ဘတ်ဂရောင်းကိုမကြည့်ဘူး နည်းပညာကြည်လိုက်ရင်တော့ အံသြစရာတွေလာပြမှာပေါ့၊ ကိုထက်သာတဲ့လူတွေချည်းပဲ နည်းပညာမှာ အရမ်းကောင်းတယ် အရမ်းအဆင်ပြေတယ်ဆိုတဲ့ စ်တခုတည်းကိုကြည့်ပြီးတော့ ကျနော်တို့က ဒီတိုင်းဆက်သွားနေမယ်ဆိုရင် ကျနော်တို့ရဲ့ အရေးကြီးတဲ့ တိုင်းပြည်ရဲ့အင်ဖော်မေးရှင်းတွေက အခြားနိုင်ငံတွေကို ရောက်နေတာမျိုးတွေ ဖြစ်နိုင်တယ်၊ အဲဒီအန္တရာယ်က မမြင်သာဘူးနော၊် အခုလောလောဆယ်တော့ ဘာမှဖြစ်မသွားဘူး ဒါပေမဲ့ တကယ်အရေးကြုံလာပြီဆိုရင်တော့ အဲဒါတွေက တကယ်အကြီးအကျယ်ဒုက္ခပေးမှာ”

ဟွာဝေး ဆက်သွယ်ရေးပစ္စည်းတွေကိုပဲ အသုံးပြုတဲ့မြန်မာနိုင်ငံမှာ တစ်ယောက်ချင်းစီရဲ့ သတင်းအချက်အလက်တွေကို နေ့စဉ်ဟွာဝေးက တရုတ်မှာရှိတဲ့ သူဆာဗာကို ပို့နေမှာဖြစ်တာကြောင့် လုံခြုံရေးအပိုင်းကတော့ ချိုးဖောက်ခံရနိုင်ချေရှိတယ်လို့ နည်းပညာရှင်တစ်ချို့က သုံးသပ်ကြပါတယ်။

ဒါကြောင့် ကိုယ်ရဲ့အချက်အလက်တွေ ဟွာဝေးဆီဘယ်လောက်ရောက်သွားလဲဆိုတာကို စောင့်ကြည်ဖို့ ဆာဗာတွေထားဖို့ လို့တယ်လို့ Microsoft  Certified Trainer ဦးဇာနည်တင်က ပြောပါတယ်။

“ဟွာဝေး deviceတွေအသုံးပြုတဲ့ net work တွေကတော့ လုံခြုံစိတ်ချမှုအပိုင်းကတော့ ကျနော်တို့ သုံးသာသုံးနေရတယ် ဘယ်ချိန်မှာ ငါတို့သတင်းအချက်အလက်တွေကို ဟွာဝေးဆီကို အချက်အလက်တွေ ဟွာဝေးရဲ့သက်ဆိုင်ရာနေရာတွေကို ကိုယ်အချက်အလက်တွေ ဘယ်လောက်ထိ သွားနေသလဲဆိုတာကို စောင့်ကြည်တဲ့ ဆာဗာတွေအများကြီးလိုလိမ့်မယ်၊ ကျနော်တို့ ဆာဗာမှာ စောင်ကြည်တဲ့ဆာဗာတွေရှိတယ၊် အများကြီးခံဖို့လာလိမ့်မယ်လို့ ပိုမြင်လာတယ်”

ဟွာဝေးကုမ္ပဏီဟာ ပြုလုပ်နေတဲ့ 5G ကွန်ရက်ကို ကမ္ဘာနိုင်ငံပေါင်း ၄၀ ကျော်မှာ လက်မှတ်ရေးထိုး ဆောင်ရွက်နေပြီး ၂၀၁၉ ခုနှစ်မတ်လကုန်မထိ 5G ကွန်ရက်အခြေစိုက်စခန်းပေါင်း ၇၀၀၀၀ ကျော် တင်ပို့နိုင်ပြီလို့ ဟွာဝေးကုမ္ပဏီက ပြောကြားထားပါတယ်။

5G ကွန်ရက်ဟာ လက်ရှိအသုံးပြုနေတဲ့ 4G ကွန်ရက်ထက် ဆယ်ဆကနေ အဆတစ်ရာအထိ ပိုမိုမြန်ဆန်ပြီး အင်တာနက်ကနေ စက်ပစ္စည်းတွေကို ထိန်းချုပ်နိုင်တဲ့နည်းပညာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ကော့ 5G ကွန်ရက်အသုံးပြုဖို့နဲ့ ပတ်သက်ပြီး ဟွာဝေးကုမ္ပဏီနဲ့ ဘယ်လိုပုံစံမျိုးဆောင်ရွက်မလဲဆိုတာကို RFA ကဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဟွာဝေးမြန်မာကုမ္ပဏီရဲ့ ပြည်သူရေးရာနဲ့ ဆက်သွယ်ရေးဌာနညွှန်ကြားရေးမှူး မစ္စတာ Zhu Bo ကတော့ 5G ကွန်ရက်နဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ သဘောတူတာ မရှိသေးကြောင်း၊ မြန်မာနိုင်ငံမှာ 5G နည်းပညာဖွံ့ဖြိုးတိုးတတ်ဖို့အတွက် ဟွာဝေးကုမ္ပဏီကနေ အကူညီပေးနေတယ်လို့ RFA ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

မနှစ်က နေပြည်တော်မှာလည်း ဟွာဝေးကုမ္ပဏီနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး 5G နဲ့ ပတ်သက်တဲ့နည်းပညာဆွေးနွေးပွဲတွေ၊ ဝန်ဆောင်မှုတွေဖြစ်လာနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အစိုးရအရာရှိတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းပြီးဆွေးနွေးပွဲလုပ်ခဲ့တယ်လို့လည်း ပြန်လည်ဖြေကြားထားပါတယ်။

တရုတ်ဟွာဝေးအပါအဝင် ကုမ္ပဏီအားလုံးကို တန်းတူယှဉ်ပြိုင်ခွင့်ပေးမယ်လို့ မြန်မာအစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးကျော်တင့်ဆွေက ဂျပန်နိုင်ငံမှာ ဒီနေ့ ကျင်းပတဲ့ နစ်ကိုင်းအာရှအနာဂတ်ညီလာခံမှာ ပြောပါတယ်။

နိုင်ငံတကာမှာ ဘယ်လိုပဲစိုးရိမ်မှုတွေ၊ ဝေဖန်မှုတွေရှိနေပေမယ့် 5G ကွန်ရက်နဲ့ပတ်သက်ပြီး ဟွာဝေးကုမ္ပဏီက အရှေ့တောင်အာရှမှာ အခြေခံအဆောက်အအုံတွေ အများဆုံးဖြစ်တာကြောင့် နည်းပညာချို့တဲ့လှတဲ့  မြန်မာနိုင်ငံမှာလည်း 5G ကိုအသုံးပြုမယ်ဆိုရင် ဟွာဝေးကိုပဲ သုံးစွဲရမှာဖြစ်တယ်လို့ ပြည်တွင်းနည်းပညာရှင်တချို့က သုံးသပ်ကြပါတယ်ခင်ဗျား။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။