စာရေးဆရာ ဦးထင်လင်းဦး အပေါ်ဝေဖန်တာတွေအကြောင်း တင်ပြချက်


2014.12.25

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာအကျဉ်းထောင်မှာ သာသနာညှိုးနွမ်းစေမှုနဲ့ ဖမ်းဆီးခံထားရတဲ့ စာရေးဆရာ ဦးထင်လင်းဦးကို အာမခံမပေးပဲ အကျဉ်းချထားတဲ့အပေါ် ဝေဖန်တာတွေရှိနေပါတယ်။

အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဆရာတော်တွေနဲ့ စာရေးဆရာတွေ၊ ရှေ့နေတွေရဲ့ သဘောထားတွေကို RFA သတင်းထောက် ကိုအောင်ကိုကိုက စုစည်းတင်ပြထားပါတယ်။

မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲ တစ်ခုမှာ ဘာသာရေးအယူဝါဒတွေအပေါ် ဝေဖန်ဟောပြောခဲ့တယ်ဆိုပြီး စာရေးဆရာ ထင်လင်းဦးကို မြို့နယ်လဝကဦးစီးမှူးက သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

စာရေးဆရာ ထင်လင်းဦးကို အာမခံမပေးပဲ ဖမ်းဆီးချုပ်နှောင်ထားတာကို ဝေဖန်မှုတွေရှိနေပါတယ်။ တစ်ချို့က ဆရာထင်လင်းဦးဟာ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး အတုယူမှားနေတာတွေကို ထောက်ပြဝေဖန်တာလို့ ပြောတဲ့သူတွေရှိနေသလို ဆရာထင်လင်းဦးဟာ ဘာသာသာသနာကို စော်ကားတယ်ဆိုပြီး ပြောဆိုတဲ့ သူတွေလည်း ရှိနေပါတယ်။

အဲ့ဒီနေ့ စာပေဟောပြောပွဲမှာ စာရေးဆရာ ဦးထင်လင်းဦးနဲ့အတူ စာရေးဆရာ မောင်သာချိုလည်း ဟောပြောခဲ့ပါတယ်။ ဆရာ မောင်သာချိုက ဦးထင်လင်းဦးရဲ့ ဟောပြောချက်တွေဟာ ဘာသာသာသနာကို စော်ကားတဲ့ အသုံးအနှုန်းတွေ မပါဘူးလို့ပြောပါတယ်။

မောင်သာချို။          ။

ဒါပေမယ့် အထက်မြန်မာပြည်မှာ သံဃာတော်တွေနဲ့ ဖွဲ့စည်းထားတဲ့ မဘသ ခေါ် အမျိုးဘာသာ သာသာနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဆရာထင်လင်းဦးဟာ ဘာသာသာသနာကို စော်ကားတယ်ဆိုပြီး ယုံကြည်နေကြပါတယ်။  မဘသရဲ့အဖွဲ့ဝင်  ဆရာတော် ဦးဝီရသူက ဆရာထင်လင်းဦး ဟောပြောချက်အပေါ် အခုလို မိန့်ကြားါတယ်။

ဦးဝီရသူ။              ။

ဘာသာသာသနာကို စော်ကားတာမဟုတ်ဘူးလို့ ယုံကြည်သူတွေက ဆရာထင်လင်းဦးရဲ့ ၂ နာရီနီးပါးရှိတဲ့ ဟောပြောချက်တွေထဲမှာပါဝင်တဲ့ တစ်စိတ်တစ်ပိုင်းကိုသာသုံးပြီး တရားစွဲဆိုထားတာဖြစ်တယ်လို့ ပြောဆို နေကြပါတယ်။

စာရေးဆရာ ဦးထင်လင်းဦးရဲ့ ရှေ့နေဖြစ်သူ ဦးသိန်းသန်းဦးက ဦးထင်လင်းဦးဟောပြောရာမှာ သာသနာကို စော်ကားတာကြောင့် မဟုတ်ပဲ စစ်အစိုးရခေါင်းဆောင် တစ်ဦးချင်းစီရဲ့ နာမည်တွေကိုတပ်ပြီး ဟောပြောခဲ့တဲ့အတွက် အဲ့ဒီအပေါ် မကျေနပ်တာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

ဦးသိန်းသန်းဦး။               ။

တစ်ခါ ဦးထင်လင်းဦး ဟောပြောချက်တွေအပေါ် စွဲဆိုထားတဲ့ ပုဒ်မတွေဟာ  ပြင်းထန်လွန်းတယ်ဆိုတဲ့  ဝေဖန်မှုတွေလည်း ရှိနေပြန်ပါတယ်။

ဟောပြောချက်တွေနဲ့ပတ်သက်ပြီး မဘသအဖွဲ့ချုပ် ဆရာတော်တွေထံ ဦးထင်လင်းဦး သွားရောက် တောင်းပန်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် အရာမရောက်ခဲ့ပဲ ချောင်းဦးမြို့နယ် သံဃာနာယကအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ တရားစွဲဆိုတဲ့အထိ ရောက်ရှိခဲ့တာပါ။

အဲ့ဒါနဲ့ ပတ်သက်ပြီး အမျိုးဘာသာသာသာနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဆရာတော် ဦးတိလောကဘိဝံသက အခုလိုမိန့်ပါတယ်။

ဦးတိလောကဘိဝံသ။          ။

လက်ရှိမှာတော့ ဆရာထင်လင်းဦးဟာ အာမခံမရရှိဘဲ မုံရွာအကျဉ်းထောင်မှာ ရှိနေပါတယ်။ တကယ်လို့ ပြစ်မှုထင်ရှားတယ်လို့ တရားရုံးကဆုံးဖြတ်ရင် ထောင်ဒဏ် ၂ နှစ်အထိ ကျခံရဖွယ်ရှိနေပါတယ်ခင်ဗျား။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။