ရွေးကောက်ပွဲနဲ့ ရေလုပ်သားများ
2015.10.02
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ် သင်္ဘောဆိပ်ကျေးရွာဟာ တံငါလုပ်ငန်းနဲ့ ရပ်တည်ကြတဲ့ ကျေးရွာဖြစ်ပါတယ်၊ ပင်လယ်ပြင်မှာ ငါးဖမ်းထွက်ရင် လနဲ့ချီကြာတာကြောင့် လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့ဟာ အဲ့ဒီရွာက ရေလုပ်သားအတော်များများ ပင်လယ်မှာ ငါးဖမ်းတဲ့အချိန်ဖြစ်နေတာကြောင့် မဲမပေးနိုင်သူတွေ အတော်များများရှိမှာဖြစ်ပါတယ်။
RFA သတင်းထောက် ကိုကျော်လွင်ဦးက ပေးပို့ထားပြီး မရွှေရည်မဉ္ဇူ က တင်ပြထားပါတယ်။