ရွေးကောက်ပွဲနေ့ တည်ငြိမ်မှုရှိရေး ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
2015.11.01
ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲနေ့မှာ တည်ငြိမ်အေးချမ်းစွာ ဖြတ်သန်းရင်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အားလုံးပူးပေါင်းပါဝင်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ " မဲဆန္ဒရှင်ပြည်သူများသို့ ပန်ကြားချက်" ဗီဒီယိုဖိုင်ကို NLD ပါတီရဲ့ Facebook စာမျက်နှာကနေ ဒီကနေ့မှာ ထုတ်ဝေလိုက်တဲ့အထဲ အခုလို တိုက်တွန်းထားတာပါ၊ ဒီအကြောင်း မသင်းသီရိကတင်ပြထားပါတယ်။