ဒဂုန်တာရာပြောပြတဲ့ ဗိုလ်ချုပ်အောင်ဆန်း


2017.07.18

မနက်ဖြန် ဇူလိုင်လ ၁၉ ရက်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦး လုပ်ကြံခံလိုက်ရတဲ့အနှစ် ၇၀ ပြည့်နှစ်ဖြစ်ပါတယ်။

၈ လေးလုံး အရေးတော်ပုံအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့တဲ့ ၁၉၈၈ ခုနှစ် တပါတီအာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီအရေးတော်ပုံမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာတဲ့အတွက် စစ်အစိုးရက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့ရှိရင် ငွေစက္ကူတွေပေါ်က ဓါတ်ပုံတွေကို ခြင်္သေ့ပုံတွေနဲ့အစားထိုးခဲ့သလို၊ ခေတ်အဆက်ဆက်ချိတ်ဆွဲခဲ့တဲ့ အစိုးရရုံးခန်းတွေက ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံတွေလည်း ဖြုတ်ချခဲ့ပါတယ်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီက အစိုးရအာဏာတစိတ်တပိုင်းရလာတဲ့အခါမှာတော့ မြို့တွေရွာတွေမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေလဲ ပြန်ပြီးပေါ်ပေါက်လာနေတာတွေ့ရပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ ဥက္ကဌ ကိုအောင်ဆန်း၊ မြန်မာ့တပ်မတော်တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်း၊ ဒို့ဗမာအစည်းအရုံးခေါင်းဆောင် သခင်အောင်ဆန်း၊ တိုင်းရင်းသားတွေနဲ့ တန်းတူအခွင့်အရေးအတွက် ပင်လုံစာချုပ်ဦးဆောင်ချုပ်ဆိုခဲ့သူ ဦးအောင်ဆန်း စသဖြင့် ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာ့နိုင်ငံရေးသမိုင်းမှာ ဘယ်လိုမှဖျောက်ဖျက်လို့မရနိုင်တော့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို ပုဂ္ဂိုလ်ရေးသိရှိရင်းနှီးခဲ့တဲ့ ကဗျာဆရာကြီးဒဂုန်တာရာ မကွယ်လွန်ခင်နှစ်ကာလတွေက ပြောပြခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝနဲ့စိတ်နေစိတ်ထားတစိတ်တပိုင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။