မုဒိမ်းမှုတွေ လျော့ကျရေး
2018.07.27
မုဒိမ်းမှုတွေ၊ သက်ငယ်မုဒိမ်းမှုတွေကို ထိရောက်တဲ့ပြစ်ဒဏ်တွေ ချမှတ်နေပေမယ့် မုဒိမ်းမှုတွေ ဆက်ပြီး များလာနေဆဲပဲလို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရရော၊ အရပ်ဘက်အဖွဲ့ အစည်းတွေရဲ့ စစ်တမ်းတွေအရပါ သိရပါတယ်။ ဒီအမှုတွေ လျော့ကျရေးအတွက် မုဒိမ်းမှုကျူးလွန်သူတွေကို ထိထိရောက်ရောက် ပြစ်ဒဏ်ချမှတ်ဖို့နဲ့၊ ပညာပေးလုပ်ငန်းတွေ အလျဉ်းသင့်သလို လုပ်ဆောင်ဖို့ ဆွေးနွေးချက်တွေကို RFA ဝိုင်းတော်သူ မခက်မာက တင်ပြထားပါတယ်။