ရခိုင်ပြည်နယ် လွှတ်တော်ထဲမှ ANP အမတ်များ ကန့်ကွက် ထွက်ခွာ
2016.03.29
ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီပုကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ်
အမည်စာရင်းတင်သွင်းခဲ့တာကြောင့် ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်အစည်းအဝေး မပြီးခင် အစည်းအဝေး ခန်းမထဲကနေ အားလုံးထွက်ခွာပြီး သပိတ်မှောက်ခဲ့ကြပါတယ်။
RFA သတင်းထောက် ကိုမင်းသိန်းအောင် က တင်ပြထားပါတယ်။