ပူးတွဲကော်မတီ အစည်းအဝေးမှာ UNFC အဖွဲ့ဝင်တွေရဲ့ ရာထူးကိုမဖော်ပြ
2016.09.01
၂၁ ရာစု ပင်လုံညီလာခံကျင်းပရေး ပူးတွဲကော်မတီ အစည်းအဝေးမှာ UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ ရာထူးတာဝန်တွေကို ဖော်ပြမထားတာနဲ့ ပတ်သက်ပြီး အရပ်ဘက် အဖဲ့ွအစည်းတွေက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ဒီညီလာခံမှာ တန်းတူညီမျှမှုနဲ့အတူ အပြန်အလှန် လေးစားမှုတွေရှိဖို့ လိုအပ်တဲ့အကြောင်း ကြေညာချက် မှာ ထောက်ပြထားပါတယ်။ ဒီအကြောင်း မသင်းသီရိက တင်ပြထားပါတယ်၊