၂၀၁၅ ရွှေးကောက်ပွဲမှာ ကရင်ပြည်နယ်မဲဆန္ဒနယ်တွေကို ခွဲဝေယှဉ်ပြိုင်ဖို့အကြောင်း တင်ပြချက်
2014.12.07
၂၀၁၅ ရွှေးကောက်ပွဲမှာ ကရင်ပြည်နယ်မဲဆန္ဒနယ်တွေကို ခွဲဝေယှဉ်ပြိုင်ဖို့ ကရင်ပါတီ ၃ ခု ယာယီသဘော တူထားတယ်လု့ိ သိရပါတယ်။
ကရင်ပြည်သူ့ပါတီ၊ ကရင်ဒီမိုကရေစီနဲ့ ဖွံဖြိုးတိုးတတ်ရေးပါတီနဲ့ ကရင်ဒီမိုကရက်တစ်ပါတီ ၃ ခု ပူးပေါင်းပြီး ၂၀၁၅ ရွှေးကောက်ပွဲမှာ မဲဆန္ဒနယ်တွေ ခွဲဝေယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က ကရင်နိုင်ငံရေးပါတီ ၃ ခုဖြစ်တဲ့ ကရင်ပြည်သူ့ပါတီ၊ ကရင်ဒီမိုကရေစီနဲ့ ဖွံဖြိုးတိုးတတ်ရေးပါတီနဲ့ ကရင်ဒီမိုကရက်တစ်ပါတီတို့ဟာ ၂ဝ၁၅ ရွှေးကောက်ပွဲမှာ မဲဆန္ဒနယ်တွေ ခွဲဝေ ယှဉ်ပြိုင်ကြဖို့အတွက် မဟာမိတ်ဖွဲ့ခဲ့ကြတာ ဖြစ်ပါတယ်။
ကရင်ပြည်နယ်မှာ တိုင်းရင်းသားကရင်ပါတီ ၅ ပါတီရှိပါတယ်။ အခု မဟာမိတ်ဖွဲ့လိုက်တဲ့ ကရင်ဒီမိုကရက်တစ် ပါတီနဲ့ ကရင်ဒီမိုကရေစီနဲ့ ဖွံဖြိုးတိုးတတ်ရေးပါတီတို့က ကရင်ပြည်နယ်အတွင်းက မဲဆန္ဒနယ်အားလုံးနီးပါးကို ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ကရင်ပြည်သူ့ပါတီကတော့ ကရင်ပြည်နယ်အပြင် တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
လတ်တလောမှာ ပါတီခေါင်းဆောင်တွေတွေ့ဆုံပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေကို အကြမ်းဖျဉ်း သတ်မှတ်ထားတယ်လို့ ကရင်ဒီမိုကရေစီနဲ့ ဖွံဖြိုးတတ်ရေးပါတီ အတွင်းရေးမှူး ဦးစောသန်းမြက ပြောပါတယ်။
ဦးစောသန်းမြ။ ။ညှိနှှိုင်းတယ်ဆိုတာက လွန်ခဲ့တဲ့အပတ်က ကျနော်တို့ တွေ့ဆုံဆွေးနွေးတာလေ ရာထား တာကတော့ အပိုင်းလိုက်အပိုင်းလိုက်ပေါ့ ဥပမာ လှှိုင်းဘွဲ့မဲဆန္ဒနယ်ဆိုရင် ၁၊ ၂ ရှိတာကိုး ၁ ကတော့ ကျနော် တို့ယူမယ်၊ ၂ ကတော့ ကျန်တဲ့အဖွဲ့ကယူ အဲ့ဒီပုံစံမျိုးပေါ့၊ အဲ့လိုတော့ ကျနော်တို့ လျာထားတယ်ပေါ့၊ ဖားအံမှာ လည်းရှိတယ် အဲ့လိုမျိုး ၁ တော့ယူ ဟိုအဖွဲ့က ၂ ကိုယူ ဒီလိုပုံစံမျိုးပေါ့၊ ကရင်ပြည်သူ့ပါတီ (KPP) ကတော့ သံတောင်ဒေသမှာပဲဝင်ရောက်ယှဉ်ပြိုင်မှာပါ သူကတော့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ယှဉ်ပြိုင်လို့ရတာကိုး
ပြည်နယ်ပါတီဖြစ်တဲ့ ကရင်ဒီမိုကရေစီနဲ့ဖွံဖြိုးတိုးတတ်ရေးပါတီဟာ၂ဝ၁ဝ ခုနှစ်ရွှေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။
နောက်ထပ် ပြည်နယ်ပါတီတစ်ခုဖြစ်တဲ့ ကရင်ဒီမိုကရက်တစ်ပါတီကတော့ ၂ဝ၁၂ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့တဲ့ ပါတီဖြစ်ပြီး လာမယ့် ၂ဝ၁၅ ခုနှစ် ရွှေးကောက်ပွဲကို စတင်ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး လတ်တလောမှာ ကရင်ပြည်နယ် မဲဆန္ဒနယ် ၅ ခု မှာဝင်ရောက်ယှဉ်ပြိုင်ဖို့ လျာထားတယ်လို့ သိရပါတယ်။
မဟာမိတ်ပါတီ ၃ ခုအနေနဲ့ ဝင်ရောက်ရွှေးချယ်ခံကြမယ့် မဲဆန္ဒနယ်တွေကို စည်းရုံးရေးဆင်းရာမှာ ပါတီ၃ ခုလုံးအင်အားပြပြီး လုပ်ဆောင်သွားဖို့ သဘောတူထားတယ်လို့ ကရင်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဦးစောထိန်လင်းအောင်က ပြောပါတယ်။
ဦးစောထိန်လင်းအောင်။ ။အဓိကကတော့ ၂ ပါတီကတော့ ပေါင်းပြီးတော့ မဲဆွယ်ဖို့ဖြစ်ပါတယ်၊ ဥပမာမဲဆန္ဒ အမှတ် ၁၊ အမှတ် ၂ အဲ့ဒီနှစ်ပိုင်းမှာဆိုလို့ရှိရင် ကျနော်တို့က အဓိကကတော့ မဲဆွယ်တဲ့နေရာတော့ ဦးစားပေး ရမှာပေ့ါ၊ သူတို့ရွေးတဲ့နေရာ၊ ကျနော်တို့ရွေးတဲ့နေရာ ကျနော်တို့သွားမယ်၊ နည်းနည်းအင်အားပြတဲ့ သဘောပါ၊ အခုလောလောဆယ်တော့ လုပ်ပိုင်ခွင့်က မရသေးဘူးဗျ၊ အဲ့ဒီတော့ ရွေးကောက်ပွဲနီးလာရင် ၁ လ၊ ၂ လအတွင်း မှာပဲ ကျနော်တို့ ၂ ပါတီပေါင်းသော်လည်းကောင်း ၃ ပါတီပေါင်းသော်လည်းကောင်း အုပ်စုဖွဲ့ပြီးသွားပြီးတော့ သူတို့ကိုမဲဆွယ်မယ်လေ၊
၃ပါတီ မဟာမိတ်အဖွဲ့က ကရင်ပြည်သူ့ပါတီဟာ ကရင်ပြည်နယ်မှာ သံတောင်ကြီးမဲဆန္ဒနယ် တစ်ခုတည်းမှာသာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးက မဲဆန္ဒနယ် တချို့မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့လျာထား တယ်လို့ ကရင်ပြည်သူ့ပါတီ ဥက္ကဌ ဦးစောထွန်းအောင်မြင့်က ပြောပါတယ်။
ဦးစောထွန်းအောင်မြင့်။ ။ကျနော်တို့က ကရင်ပြည်နယ်က သံတောင်ကြီး မဲဆန္ဒနယ်ကို အရင်တုန်းက ဝင်ခဲ့တယ်လေ၊ ၄ နေရာတော့ရထားတယ်လေ၊ အဲ့ဒီနေရာကိုပြန်ဝင်မှာပေါ့၊ ဧရာဝတီတိုင်းကတော့ အရင်က တည်းက ကျနော်တို့ ပါတီတစ်ခုတည်းရှိနေတော့ သူတို့က သိပ်ညှိစရာ မလိုဘူးပေါ့ဗျာ၊ ကိုယ့်ဟာကိုယ်ပဲ ကောက် ထည့်လိုက်တာပေါ့ဗျာနော်၊ တစ်ခုလုံတော့ မဝင်နိုင် ဝင်နိုင်မဲ့အနေအထားတော့ ရှိမယ်မထင်ဘူး၊ ဒါပေမဲ့ ဝင်နိုင်တဲ့နေရာတွေတော့ ဝင်သွားဖို့လုပ်ထားတယ်လေ၊ ကရင်လူမျိုးတွေတော့ ပြန့်နေတာပဲ ဒါပေမဲ့ နည်းနည်းလေးကို စုစုစည်းစည်းနေတဲ့ နေရာလေးတွေကျတော့ ကျနော်တို့ ဝင်သွားမယ်၊ ဥပမာ မြောင်းမြတို့၊ ဝါးခယ်မတို့၊ ပန်းတနော်တို့ နောက်ပြီးတော့ ဟင်္သာတတို့ကို ကျနော်တို့ ဝင်သွားမှာပါ။
လာမယ့် ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွှေးကောက်ပွဲအတွက် မဲဆန္ဒနယ်တွေကို အတိအကျသတ်မှတ် ခွဲဝေဖို့အတွက် ပါတီခေါင်းဆောင်တွေ အစည်းအဝေးထပ်မံကျင်းပပြီး ဆုံးဖြတ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
အဲ့ဒီ မဟာမိတ် ၃ ပါတီဟာ နောက်ထပ် ကရင်ပါတီ ၂ ပါတီဖြစ်တဲ့ ဖလုံ စဝေါဒီမိုကရက်တစ်ပါတီနဲ့ ကရင် အမျိုးသားပါတီတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီဟာ ၂၀၁၀ ခုနှစ်ရွှေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီဖြစ်ပြီး ကရင် အမျိုးသားပါတီကတော့ ဒီနှစ်ထဲမှာ စတင်ဖွဲ့စည်းထူထောင်ထားတာဖြစ်ပြီး လာမယ့် ၂၀၁၅ ရွှေးကောက်ပွဲကို ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်ရှင်။