သဘာဝဘေးဒဏ်ကို ဘယ်လို ကာကွယ်ကြမလဲ
2019.08.29
RFA က စီစဉ်ရိုက်ကူးပြီး DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့ နိုင်ငံရေး" အစီအစဉ်မှာ... "သဘာဝဘေးဒဏ်ကို ဘယ်လိုကာကွယ်ကြမလဲ၊ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ကြမလဲ" ဆိုတာကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
ရေကြီးတောင်ပြိုမှုဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရတဲ့ မွန်ပြည်နယ် ပေါင်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်း၊ ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စောကျော်ဝင်းမောင် တို့နဲ့အတူ RFA ဝိုင်းတော်သူ မအေးအေးမွန်က ဆွေးနွေးတင်ပြထားပါတယ်။