လူတိုင်းလွှမ်းခြုံပညာရေးအစီအစဉ် ကလေးအားလုံးကို လွှမ်းခြုံနိုင်မလား
အေးအေးမွန်
2020.01.30
2020.01.30
RFA က စီစဉ်ရိုက်ကူးပြီး၊ DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဉ်မှာ၊ ကြားဖြတ်အစီအစဉ် တစ်ခုအနေနဲ့ နောင်တစ်ချိန် တိုင်းပြည်အနာဂတ်ကို ပုခုံးပြောင်းယူမယ့် မျိုးဆက်သစ် ကလေးငယ်တွေအတွက် အရေးကြီးတဲ့ ပညာရေးအစီအစဉ်တစ်ခုအကြောင်း ဆွေးနွေးသွားမှာပါ။ "လွှတ်တော်ရဲ့ လူတိုင်းလွှမ်းခြုံပညာရေးအစီအစဉ် ကလေးအားလုံးကို လွှမ်းခြုံနိုင်မလား" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။
အငြိမ်းစား ပညာရေးမှူးတစ်ဦးဖြစ်တဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်၊ မြန်မာတစ်နိုင်ငံလုံးမှာ အခြေခံပညာရေး အနိမ့်ကျဆုံးဖြစ်နေတဲ့ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက် တို့နဲ့အတူ RFA ဝိုင်းတော်သူ မအေးအေးမွန်က ဆွေးနွေးထားပါတယ်။