နိုင်ငံရေးအကျဉ်းသား (၃၉) ဦးကို ဇာဂနာ ထောင်ဝင်စာလိုက်တွေ့

နိုင်ငံကျော် ဟာသ သရုပ်ဆောင် ကိုဇာဂနာဟာ ပြည်မြို့ ဝန်းကျင်မှာရှိတဲ့ သာယာဝတီ၊ ပေါင်းတည် နဲ့ ပြည် အကျဉ်းထောင် (၃) ခုကို မနေ့တုန်းက သွားရောက်ပြီး နိုင်ငံရေး အကျဉ်းသားတွေကို ငွေကြေးနဲ့ အစားအသောက် ပစ္စည်းတချို့ ဝေငှ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

ဟာသ သရုပ်ဆောင် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇာဂနာနှင့် အဖွဲ့က သာယာဝတီ အကျဉ်းထောင်မှာ အကျဉ်းကျနေသည့် နိုင်ငံရေး အကျဉ်းသား (၃၄) ဦးအတွက် လှူဒါန်းသည့် ကျပ်ငွေ ၃ သိန်း ၄ သောင်းနှင့် အလှူပစ္စည်းများကို သာယာဝတီ ထောင်ပိုင်ကြီးက လက်ခံ ရယူနေစဉ်။ Zaganar Photos Album Zaganar Photos Album

သာယာဝတီထောင်မှာ နိုင်ငံရေး အကျဉ်းသား (၃၄) ဦး ပေါင်းတည် ထောင်က(၁) ဦးနဲ့ ပြည်ထောင်က (၄) ဦး စုစုပေါင်း နိုင်ငံရေး အကျဉ်းသား (၃၉) ဦးကို တစ်ယောက် ကျပ်ငွေ (၁) သောင်းနှုန်း ကူညီနိုင်ခဲ့ကြောင်း ကိုဇာဂနာက ပြောပါတယ်။

အကျဉ်းထောင်ရဲ့ သတ်မှတ်ချက်အရ အကျဉ်းကျ နေသူတွေရဲ့ မိသားစုဝင်တွေသာ လူကိုယ်တိုင် ထောင်ဝင်စာ တွေ့ခွင့်ရနိုင်တာကြောင့် သူ့အနေနဲ့ လူကိုယ်တိုင် အားပေးခွင့် မရခဲ့ပေမယ့် ထောင်အာဏာပိုင်တွေရဲ့ အကူအညီနဲ့ ငွေနဲ့ ပစ္စည်းတွေကို လှူဒါန်းနိုင်ခဲ့ကြောင်း ကိုဇာဂနာက ပြောပါတယ်။

“သာယာဝတီထောင်က ထောင်ပိုင်ကြီးက တော်တော် ကောင်းပါတယ်။ အဲဒီမှာ နိုင်ငံရေးအကျဉ်းသား ၃၄ ယောက်ရှိတယ်။ တစ်ယောက် တစ်သောင်းဆိုတော့ သုံးသိန်းနဲ့ လေးသောင်း ပေးနိုင်တယ်။ ရတဲ့လူတွေကလည်း ရကြောင်း လက်မှတ် ထိုးကြတဲ့ အတွက် ကျနော်တို့တွေက ချက်ချင်းပဲ သူတို့ဆီက အဖြေကို ပြန်ရခဲ့တယ်။ ပြီးတော့ ပေါင်းတည် သွားတယ်၊ အဲဒီမှာ နိုင်ငံရေးအကျဉ်းသား ကိုကျော်ကျော်လင်း ဆိုတာ တစ်ဦးပဲ ရှိတယ်။ နောက် ပြည်မှာ ထောင်ပိုင်က သူကိုယ်တိုင်ပဲ ကျနော်တို့ကို လက်ခံပေးတယ်။ အဲဒီမှာ နိုင်ငံရေး အကျဉ်းသား လေးဦး ရှိပါတယ်။ သူတို့အတွက် ငွေနဲ့ စာအုပ်တွေ ပေးနိုင်ခဲ့ပါတယ်။”

အကျဉ်းထောင်တွင်းမှာ `ဈေးဘား’ လို့ခေါ်တဲ့ အကျဉ်းသားတွေ ကိုယ့် ကိုယ်ပိုင်ငွေနဲ့ကိုယ် ဝယ်ယူ စားသောက်နိုင်ဖို့ အပြင်ဘက်က မိသားစုဝင်နဲ့ မိတ်ဆွေတွေက ငွေပေးသွင်းခွင့် ရှိကြောင်းလည်း သိရပါတယ်။ ဒါကြောင့် ကိုဇာဂနာနဲ့အဖွဲ့ဟာ အကျဉ်းထောင်တွေကို လိုက်ပြီး နိုင်ငံရေး အကျဉ်းသားတွေကို လိုက်လံ ထောက်ပံ့နေတာ ဖြစ်ပါတယ်။

လာမယ့် ရက်ပိုင်းတွေ အတွင်းမှာတော့ အနုပညာသည်တွေ ပါဝင်မယ့် ကိုဇာဂနာနဲ့ အဖွဲ့ဟာ နေ့ချင်းပြန် သွားရောက်နိုင်မယ့် ပုသိမ် ၊ ဘားအံ စတဲ့ အကျဉ်းထောင်တွေကို ထပ်မံ သွားရောက်ဖို့ ရှိကြောင်း သိရပါတယ်။

အကျဉ်းထောင် သုံးခုက နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ဟာသ သရုပ်ဆောင် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇာဂနာကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org