ကုလလူ့အခွင့်အရေး ကိုယ်စား လှယ် ကချင်ပြည်နယ်အစိုးရ အဖွဲ့နဲ့ တွေ့ဆုံ
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း တွင်းဒေသမှာ အသက်မပြည့်တဲ့ အမျိုးသမီးငယ်တွေ လူ့အခွင့် အရေး ချိုးဖောက်ခံရမှု ရှိမရှိကို ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီ က ကချင်ပြည်နယ် အစိုးရအဖဲ့ွနဲ့ တွေ့ဆုံရာ မှာ မေးမြန်းခဲ့ပါတယ်။
-
2017-01-09 -
-
-
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အသက်မပြည့်တဲ့ အမျိုးသမီးငယ်တွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ရှိ မရှိကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ က ကချင်ပြည်နယ်အစိုးရ အဖဲ့ွနဲ့ တွေ့ဆုံရာမှာ မေးမြန်းခဲ့ပါတယ်။
ဒီနေ့ မြစ်ကြီးနားမြို့က ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံစဉ် မေးမြန်းခဲ့တာဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက် ခဲ့တဲ့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန် က ပြောပါတယ်။
လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ကချင်ပြည်နယ်ခရီးစဉ်အတွင်း ဖားကန့်နဲ့ လိုင်ဇာဘက်ကို သွားဖို့ စီစဉ်ထားပေမယ့် လုံခြုံရေးအခြေအနေအရ မသွားသင့်ကြောင်း ပြည်နယ် အစိုးရအဖွဲ့က ဆွေးနွေးပွဲမှာ အကြံပြုခဲ့ ပါတယ်။
ဒီနေ့ တေ့ွဆုံပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် မရှိတဲ့အတွက် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး က ဦးဆောင်ပြီး တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
မစ္စယန်ဟီးလီဟာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့မှာ ရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို မနက်ဖြန် သွားရောက်ဖို့ ရှိနေပါတယ်။