WY ဆေးပြား ၃ သန်းနီးပါး ဖမ်းမိ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ WY စိတ်ကြွဆေးပြား အရေအတွက် ၃ သန်းနီးပါးကို ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိပါတယ်။

မာမွတ်အီစလမ်နှင့် ယာဉ်မောင်းဖြစ်သူ မူဟာမတ်ဟာရော တို့အား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရပုံ။ ဓာတ်ပုံ- ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ WY စိတ်ကြွဆေးပြား အရေအတွက် ၃ သန်းနီးပါးကို ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိပါတယ်။

ဘူးသီးတောင်မြို့မရပ်ကွက်ကနေ ရွာမကျေးရွာဘက်ကိုသွားတဲ့ ကားလမ်းမဘေးမှာ မီးသွေးအိတ် ၅၀ ကျော်တင်ပြီး ရပ်ထားတဲ့ကားတစ်စီးကို မသင်္ကာတဲ့အတွက် စစ်ဆေးရာမှာ မီးသွေးအိတ်တွေထဲမှာ သိုဝှက်ထားတဲ့ WY စိတ်ကြွဆေးပြားပေါင်း ၂ သန်းနီးပါးကို ကနဦး သိမ်းဆည်းရမိခဲ့တာပါ။

ယာဉ်မောင်းဖြစ်သူ မူဟာမတ်ဟာရောကို ဆက်လက်စစ်ဆေးချက်အရ ဘူးသီးတောင်မြို့ အနောက်ရပ်ကွက်မှာ နေထိုင်တဲ့ မာမတ်အီစ္စာလာမ်ရဲ့ နေအိမ်အောက်က မီးသွေးအိတ်တွေထဲကနေ နောက်ထပ် WY စိတ်ကြွဆေးပြား ၁ သန်းနီးပါးကို ထပ်မံသိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။

မနေ့ကသိမ်းဆည်းရမိတဲ့ WY စိတ်ကြွဆေးပြားရဲ့ကာလတန်ဖိုးဟာ ငွေကျပ်သန်းပေါင်း ၅၇၀၀ ကျော်တန်ဖိုးရှိပြီး ယာဉ်မောင်းဖြစ်တဲ့ မူဟာမတ်ဟာရော နဲ့ နေအိမ်ကနေ သိမ်းဆည်းရမိခဲ့တဲ့ မာမွတ်အီစလမ် တို့ကို ရဲက ဖမ်းဆီးစစ်ဆေးနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org