လိုင်စင်မဲ့ကား ၂၀၀ ကိစ္စ တပ်မတော်နဲ့ BGF ဆွေးနွေးမှု ပြေလည်

ကရင်ပြည်နယ် မြဝတီမြို့ နယ်ခြားစောင့်တပ်ဖွဲ့ BGF ဂိတ်စခန်းတစ်ခုမှာ လိုင်စင်မဲ့ကား အစီး ၂၀၀ နီးပါးကို တပ်မတော်က ဝင်ရောက်စစ်ဆေးရာကနေ နှစ်ဖက်တပ်ခေါင်းဆောင်တွေအကြား သဘော ထားကွဲလွဲမှုတွေကို ဒီကနေ့ ဆွေးနွေးညှိနှိုင်းတာ ပြေလည်သွားတယ်လို့ BGF အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

BGF နယ်ခြားစောင့်တပ်သားတွေကို တွေ့ရစဉ် Photo: Naing Zaw Facebook

ကရင်ပြည်နယ် မြဝတီမြို့ နယ်ခြားစောင့်တပ်ဖွဲ့  BGF ဂိတ်စခန်းတစ်ခုမှာ လိုင်စင်မဲ့ကား အစီး ၂၀၀ နီးပါးကို တပ်မတော်က ဝင်ရောက်စစ်ဆေးရာကနေ နှစ်ဖက် တပ်ခေါင်းဆောင်တွေအကြား သဘောထားကွဲလွဲမှုတွေကို ဒီကနေ့ ဆွေးနွေးညှိနှိုင်းတာ ပြေလည်သွားတယ်လို့ BGF အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သင်္ဃန်းညီနောင်က BGF တပ်မဌာနချုပ်မှာ တပ်မတော်နဲ့  BGF အဖွဲ့  ထိပ်တန်းခေါင်းဆောင်တွေ တွေ့ ဆုံဆွေးနွေးခဲ့ရာမှာ ပြေလည်မှုရခဲ့တာလို့ BGF  အဖွဲ့က ဗိုလ်မှူး နိုင်မောင်ဇော် က ပြောပါတယ်။

"ကျနော်တို့ နယ်စပ်ဂိတ်စခန်းကို အထက် အကြီးအကဲတွေလည်း မသိဘဲနဲ့ ရုတ်တရက်ကြီး တပ် အင်အား အလုံးအရင်းနဲ့ လာမယ်ဆိုတဲ့ ကြားဖြတ်သတင်းရလို့ ကျနော်တို့ လူကြီးကလည်း စိတ်ထဲ တစ်မျိုးဖြစ်သွားတာ ပေါ့နော်၊ တပ်မတော်နဲ့ ကျနော်တို့ ဒေသဖွံ့ဖြိုးရေး ဒေသအေးချမ်းရေး လက်တွဲ လုပ်ဆောင်လာကြတာ အဖု အထစ်လေးတွေတောင် မရှိခဲ့တာလေ ရုတ်တရက်ဆိုတော့ သဘောထား ကွဲလွဲမှုလေးတွေဖြစ်သွားတာပါဗျ"

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က မြဝတီမြို့ BGF တပ်စခန်းတစ်ခုထဲမှာ လိုင်စင်မဲ့ ကားစီးရေ ၁၈၂ စီးကို တပ်မတော်က ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဲဒီလိုင်စင်မဲ့ကားတွေဟာ မြဝတီမြို့က တစ်ပိုင်တစ်နိုင် ကားဝယ်ရောင်း လုပ်ကိုင်နေသူတွေရဲ့ ကားတွေဖြစ်ပြီး ထားစရာနေရာမရှိတဲ့အတွက် BGF စခန်းထဲမှာ ယာယီရပ်နားထားတာဖြစ်တယ်လို့ ဗိုလ်မှူး နိုင်မောင်ဇော် က ပြောပါတယ်။

အဲဒီကား ၁၈၂ စီးကိုလည်း တပ်မတော်ဆီ အပ်နှံလိုက်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org