သေနတ်ကိုင်မယ်လို့ ဦးဝီရသူ မိန့်

ရခိုင်အရေးနဲ့ပတ်သက်ပြီး မြန်မာပြည်တွင်းကို နိုင်ငံတကာက အရေးယူအပြစ်ပေးတာတွေ ဝင်ရောက်လာမယ်ဆိုရင် သူကိုယ်တိုင် သေနတ်ကိုင်မယ်လို့ အမျိုးသားရေးတက်ကြွလှုပ်ရှားတဲ့ ဆရာတော် ဦးဝီရသူက မိန့်လိုက်ပါတယ်။

ဆရာတော် ဦးဝီရသူ ကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းပတဲ့ တပ်မတော် ထောက်ခံပွဲမှာ တွေ့ရစဉ် Photo: Thant Zin Oo/RFA

ရခိုင်အရေးနဲ့ပတ်သက်ပြီး မြန်မာပြည်တွင်းကို နိုင်ငံတကာက အရေးယူအပြစ်ပေးတာတွေ ဝင်ရောက်လာမယ်ဆိုရင် သူကိုယ်တိုင် သေနတ်ကိုင်မယ်လို့ အမျိုးသားရေးတက်ကြွလှုပ်ရှားတဲ့ ဆရာတော် ဦးဝီရသူက မိန့်လိုက်ပါတယ်။

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းပတဲ့ နိုင်ငံတော်နဲ့ တပ်မတော်အပေါ် ဖိအားပေး စွက်ဖက်နေတဲ့ ပြည်ပနိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကို ဆန့်ကျင်ရှုတ်ချပွဲမှာ ဆရာတော် ဦးဝီရသူ က အဲဒီလို ဟောပြောခဲ့ တာဖြစ်ပါတယ်။

အမျိုးသားရေးအင်အားစုတွေ ဦးဆောင်ကျင်းပတဲ့ ကန့်ကွက်ရှုတ်ချပွဲမှာ ဦးဝင်းကိုကိုလတ်လည်း ဟောပြောခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org