အမျိုးသမီးများ အကြမ်းဖက်ခံရမှု ဥပဒေနဲ့ ကာကွယ်ပေးမည်

အမျိုးသမီးတွေကို နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်ခံနေရတာတွေကို အကာ အကွယ်ပေးနိုင်မယ့် ဥပဒေတစ်ရပ်ပြဌာန်း ဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် Photo: RFA/Win Naung Toe & Myint Oo

အမျိုးသမီးတွေကို နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက် ခံနေရတာတွေကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေတစ်ရပ်ပြဌာန်းဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

ဥပဒေအရ အကာအကွယ်ပေးနိုင်ဖို့အတွက် ဘားအံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်နန်းစေအွာက လွှတ်တော်မှာ အခုလို အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

"ပြည်တွင်းစစ်တွေကြောင့် ရွှေ့ပြောင်းစခန်းတွေမှာ မိမိတို့ရဲ့ အသက်ရှင်နေနိုင်ရေး ရုန်းကန်နေကြရတဲ့ အမျိုးသမီးများဟာ ဒီအကြမ်းဖက်မှုတွေကြောင့် ဘဝလုံခြုံမှု လုံးဝမရရှိကြပါဘူးရှင်၊ အကြမ်းဖက်မှု များစွာထဲမှာမှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုတွေကြောင့်၊ လူကုန်ကူးမှုတွေကြောင့် အကြမ်းဖက်ခံရတဲ့ အမျိုးသမီးများဟာ မလိုလားအပ်တဲ့ ကိုယ်ဝန်ရှိခြင်း၊ ကူးစက်ရောဂါများ ခံစားရခြင်းနဲ့ စိတ်ရောဂါဝေဒနာ ခံစားရခြင်းတို့ကြောင့် လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်း ရဲ့ ရှောင်ကြည်ခြင်းကိုလည်းခံရပါတယ်ရှင်"

"အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်း" ကို လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ရေးဆွဲနေပြီး မကြာခင် လွှတ်တော်ကိုတင်သွင်းမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org