တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေ ကို သမ္မတ ဦးသိန်းစိန် ဂုဏ်ပြုပြော ကြား
တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေဟာ မြန်မာနိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါ တဲ့ အခန်းကဏ္ဍက ပါဝင်နေပြီး ဒီ နှစ်နိုင်ငံစလုံးဟာ မြန် မာနိုင်ငံရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံတွေ အဖြစ် ဆက်လက် တည်ရှိသွားလိမ့်မယ်လို့ အခိုင်အမာယုံကြည်တဲ့ အကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့က ပြောကြားလိုက်ပါ တယ်။
-
2014-06-29 -
-
-
တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေဟာ မြန်မာနိုင်ငံ စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပြီး ဒီ နှစ်နိုင်ငံစလုံးဟာ မြန်မာနိုင်ငံရဲ့ မဟာ ဗျူဟာမြောက် မိတ်ဖက်နိုင်ငံတွေ အဖြစ်ဆက်လက်တည် ရှိသွားလိမ့်မယ်လို့ အခိုင်အမာယုံကြည်တဲ့အကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့က ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံ ပေဂျင်းမြို့ ပြည်သူ့ခန်းမဆောင်မှာ ကျင်းပ တဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ် နှစ် ၆ဝ ပြည့်အခမ်းအနားမှာ အဲဒီလိုပြောကြားလိုက်တာပါ။
မိုင်ပေါင်းများစွာ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြန်မာ-တ ရုတ်-အိန္ဒိယ နိုင်ငံတို့ဟာ အစဉ်အလာရှိတဲ့ အိမ်နီးချင်းကောင်းနိုင်ငံတွေဖြစ်ပြီး ရာစုနှစ်ပေါင်းများစွာ ကြာရှည်တည်တံ့တဲ့ ချစ်ကြည်ရင်းနှီးမှု တွေလည်း ရှိခဲ့ပါ တယ်လို့လည်း ဦးသိန်းစိန်က သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။
ဒါဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ်နဲ့ အညီ နေထိုင်ဆက်ဆံနိုင်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်လို့ တဆက်တည်းပြောကြားပါတယ်။ သမ္မတ ရှီကျင့်ဖျင်ကတော့ တရုတ်နိုင်ငံဟာ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်တဲ့အပြင် သူ့နိုင်ငံရဲ့ ဆန္ဒကို တခြားနိုင်ငံကို လိုက်နာစေမှာလည်း မဟုတ်ဘဲ နိုင်ငံ့ အင်အား ဘယ်လောက်ပဲ ကြီးမား လာပါစေ ဗိုလ်ကျစိုးမိုးဖို့ ကြိုးစားမှာ မဟုတ်ဘူးလို့ ပြောကြား ပါတယ်။
အခမ်းအနားကိုတက်ရောက်လာတဲ့ အိန္ဒိယ ဒုတိယ သမ္မတ မိုဟာမက် ဟာမစ် Ansari ကလည်း မိန့်ခွန်း ပြောကြား ပါတယ်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ်လိုက်နာကျင့်သုံးရေး သဘောတူညီချက်ကို နယူးဒေလီမြို့မှာ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့က ၁၉၅၄ ခုနှစ် ဇွန်လ ၂၈ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်နဲ့ မြန်မာနိုင်ငံတို့ဟာ ရန်ကုန်မြို့မှာ ဇွန် ၂၉ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တာ ဒီနှစ်မှာ နှစ် ၆ဝ ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်