ဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းထောင်မှာ ထိန်းသိမ်းထား

မနေ့ညက ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို မန္တလေးတိုင်းဒေသကြီး ရမည်းသင်း မြို့ အကျဉ်းထောင်မှာ ဖမ်းဆီးထားတယ်လို့ သိရ ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရတဲ့ သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ပုံ Photo: teol-mm.info

မနေ့ညက ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ သာသနာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ အကျဉ်းထောင်မှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးဌာနက ရှာဖွေပုံစံတွေနဲ့ ဝန်ကြီး ဦးဆန်းဆင့်ရဲ့နေအိမ်နဲ့ ပတ်သက်ရာနေရာတွေ မှာလည်း ရှာဖွေစစ်ဆေးနေကြောင်း သိရပါတယ်။

ဝန်ကြီး ဦးဆန်းဆင့်ဟာ မဟာသန္တိသုခကျောင်းတိုက် အရေးကိစ္စမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ တာဝန်ပေးချက်တွေကို ကျော်လွန်ပြီး လုပ်ဆောင် တာတွေကြောင့် ဖမ်းဆီးအရေးယူတာဖြစ်ကြောင်း နိုင် ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီနေ့ ပြည်သူ့ လွှတ်တော်ကို တက်ရောက်စဉ် သတင်းထောက်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

"မဟာသန္တိသုခကိစ္စကလည်း အကြောင်းတစ်ချက် အပါအဝင်ပေါ့၊ မဟာသန္တိသုခဖြစ်စဉ်စပြီးတော့ ဖြစ်တဲ့အချိန်ကတည်းက သမ္မတကြီးက သာသနာရေးဝန်ကြီးအနေနဲ့ ဒီကိစ္စမှာ သံဃနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင်အထည်ဖော်နိုင်အောင် တစ်ဖက်နဲ့တစ်ဖက်ကြားမှာ သာသနာဝန်ကြီးအနေနဲ့ရော၊ ဆရာဒကာအနေနဲ့ရော ဝင်ရောက်ဆောင်ရွက်ပေးဖို့ တာဝန်ပေးခဲ့တယ်၊ ဒါပေမဲ့ အဲဒီကိစ္စအပါအဝင် ကျန်တဲ့ကိစ္စတွေမှာ ပါဝင်ပတ်သက်တဲ့ အနေအထားမှာ နားလည်မှုဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲပြားမှုဖြစ်စေတယ်၊ နောက်ဆုံးမှာ အစိုးရနဲ့ သံဃာတွေကြားထဲမှာပါ နားလည်မှုလွဲစေတဲ့အဖြစ်မျိုးတွေဖြစ်တယ်၊ တချို့ကဆိုရင် သမ္မတကြီးမှာကြားတဲ့ဟာတွေကို ကျော်လွန်ပြီးတော့ လုပ်လိုက်တယ်ဆိုတဲ့ သဘောမျိုးတွေရှိတယ်၊ ဒါကြောင့်မို့ မလွှဲမရှောင်သာ အရေးယူဆောင်ရွက်တာပါ"

ဒါ့အပြင် မနေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ကို တာဝန်ကနေ နှုတ်ထွက်ခွင့် ပေးလိုက်ကြောင်းလည်း ဦးရဲထွဋ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

လစ်လပ်သွားတဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာမှာ လက်ရှိသာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးဝင်းကို ခန့်အပ်လိုကြောင်း မနေ့က ဇွန်လ ၁၉ ရက်နေ့စွဲနဲ့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး အာအက်ဖ်အေ သတင်းထောက် ကိုနေမျိုးထွန်း တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org