ဝန်ကြီးဟောင်း ဦးဆန်းဆင့်အယူခံ ပယ်ချခံရ
2014.12.10

ရမည်းသင်းအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၃ နှစ်ကျ ခံနေရတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အမှု ကိုမန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ အယူခံ ဝင်ခဲ့ရာမှာ မနေ့က ပယ်ချခံလိုက်ရပါတယ်။
ဦးဆန်းဆင့်အမှုကို လိုက်ပါဆောင်ရွက်ပေးနေ တဲ့ ရှေ့နေ ဦးတင်ထွန်းက အယူခံပယ်ချခံရပုံကို အခုလို ပြောပြ ပါတယ်။
"ကျနော်တို့ အယူခံတင်တယ်ဗျာ၊ မနေ့တုန်းက အမှု ကိုလက်ခံရန် သင့်၊ မသင့် လျှောက်လွှဲချက်ပေးတယ်၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် ခုံရုံးအမှတ် ၆ က ကျနော်တို့ လျှောက်လွှဲချက်ကို ကြားနာတယ်၊ ကြားနာပြီး ညနေ ၄ နာရီကျတော့ ကျနော်တို့ လျှောက် လွှဲချက်ကို လက်မခံဘူး ပယ်တယ်"
ဦးဆန်းဆင့်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိတရားရုံးကနေ နိုင်ငံတော်အကြည် ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)၊ ပြည်သူပိုင် ပစ္စည်းအလွဲသုံးစားမှု ပုဒ်မ ၄၀၉ တို့နဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။
ဦးဆန်းဆင့်ဟာ လောလောဆယ်မှာ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရ တာဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်အထိ ဆက်ပြီးအယူခံဝင်သွားမယ်လို့ ရှေ့နေဦးတင်ထွန်း က ပြောပါတယ်။